သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံ ၃ ဦးအလောင်း အစ္စရေးစစ်တပ်ပြန်တွေ့


အစ္စရေးစစ်ဆင်ရေးအတွင်း ဂါဇာဒေသမြောက်ပိုင်းအားတွေ့ရစဉ်
အစ္စရေးစစ်ဆင်ရေးအတွင်း ဂါဇာဒေသမြောက်ပိုင်းအားတွေ့ရစဉ်

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟာမတ်စ်အဖွဲ့က ဂါဇာကို ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

“ဂါဇာမှာရှိတဲ့ အစ္စရေး အထူးတပ်ဖွဲ့တွေက မနေ့ညကပဲ ဓားစားခံ ၃ ဦးရဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တယ်ဆိုတာကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ အသိပေးပါတယ်။ သေဆုံးသူတွေကတော့ Hanan Yablonka ၊ Michel Nisenbaum နဲ့ Orion Hernandez တို့ ဖြစ်ပါတယ်” လို့ အစ္စရေး စစ်တပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က ပြောသွားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ ဂါဇာမြောက်ပိုင်း Jabaliya မြို့မှာ အစ္စရေး စစ်တပ်နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ပါဝင်ပြီး ညလုံးပေါက် အထူးစစ်ဆင်ရေး လုပ်ခဲ့ချိန်မှာ အခု ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့လည်း စစ်ဘက် ပြောခွင့်ရက ပြောပါတယ်။ ဂါဇာမှာ ဟာမတ်စ်အဖွဲ့က ဓားစားခံလုပ် ဖမ်းဆီးခံထားရသူတွေ အားလုံး ပြန်မလွတ်မချင်း အစ္စရေး စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း စစ်တပ် ပြောခွင့်ရ ရေတပ် ဗိုလ်ချုပ်ကြီး Daniel Hagari က ပြောပါတယ်။

သိက္ခာရှိတဲ့ ဘယ်လိုနိုင်ငံမဆို ခုလိုပဲ တုံ့ပြန်မှာပဲလို့လည်း ရုပ်သံနဲ့ ထုတ်ပြန်ချက်မှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟာမတ်စ်အဖွဲ့တွေ အစ္စရေးနိုင်ငံထဲ ဝင်ရောက် တိုက်ခိုက်ချိန်မှာ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူ ၂၀၀ ကျော်ထဲမှာ ၁၂၀ ကျော်က ဆက်လက် ဖမ်းဆီး ခံထားရတုန်းပဲလို့ အစ္စရေး အစိုးရက ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG