သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅ ဦး ထပ်မံ သေဆုံး


အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ပါလက်စတိုင်း ကား (REUTERS/Raneen Sawafta)
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ပါလက်စတိုင်း ကား (REUTERS/Raneen Sawafta)

အစ္စရေးက သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ကားတစင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၅ ယောက် သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရဲ့ မြောက်ပိုင်း Tulkarem မြို့အပြင်ဘက်မှာ စစ်သွေးကြွ ၅ ယောက် စီးလာတဲ့ကားကို အစ္စရေးစစ်တပ်က ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူ ၅ ယောက်ဟာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို အနီးနားက Tulkarem ဆေးရုံကို သယ်ဆောင်သွားခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေဝန်ကြီးဌာနက နောက်ပိုင်းမှာ အတည်ပြုပါတယ်။

သေဆုံးသွားသူတွေထဲက ရုပ်အလောင်း ၄ ခုကတော့ ပေါက်ကွဲမှုကြောင့် မီးလောင်ပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်လို့ ပါလက်စတိုင်းရဲ့ တရားဝင်သတင်းအေဂျင်စီ Wafa က ပြောပါတယ်။

ဆီးရီးယားနိုင်ငံကနေ လက်ဘနွန်နိုင်ငံထဲကို ဝင်လာတဲ့ ထရပ်ကားတန်းကို အစ္စရေးလ်က တိုက်ခိုက်ခဲ့တယ်လို့ လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက သောကြာနေ့နှောင်းပိုင်းက ပြောပါတယ်။

တချိန်တည်းမှာပဲ ဆီရီးယားနဲ့ လက်ဘနွန်နယ်စပ်က Hawsh-el-Sayyed Ali ဒေသမှာ ဆီတင်လာတဲ့ ထရပ်ကားတန်းကို ပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်းကနေ ၃ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ဆီးရီးယားယာဉ်မောင်းတဦး ဒဏ်ရာရသွားတယ်လို့ အဲဒီသတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။

Forum

XS
SM
MD
LG