သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေးဆွေးနွေးဖို့ အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံသွားရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးကို သွားရောက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးကို သွားရောက်

ဂါဇာဒေသက ၁၀ လကြာ စစ်ပွဲ အဆုံးသတ်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်အောင် သံတမန်ရေးအရ တွန်းအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ အစ္စရေးကို သွားရောက်နေပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလ စစ်ပွဲတွေ စဖြစ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို ဝန်ကြီးဘလင်ကန် သွားရောက်တာ ၁၀ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

စစ်ဖြစ်နေတဲ့ ၂ ဘက်အကြား ကွာဟချက်တွေကို ညှိနှိုင်းထားတယ်လို့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်သူတွေ ယုံကြည်ထားတဲ့ အဆိုပြုချက်သစ် ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာမှာ သွားရောက်တာလည်း ဖြစ်ပါတယ်။ အဆိုပြုချက်သစ်အပေါ် အမေရိကန် တာဝန်ရှိသူတွေ အကောင်းမြင်သဘောထား ရှိကြပေမဲ့ လုပ်စရာတွေ အများအပြား ကျန်သေးတယ်လို့လည်း ပြောနေကြတာပါ။

ဒီကနေ့ အစ္စရေးကို သွားရောက်ခဲ့တဲ့ ဝန်ကြီးဘလင်ကန်ဟာ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တခြားအဆင့်မြင့် အရာရှိတွေကို တွေ့ဆုံမယ်လို့လည်း ခန့်မှန်းရပါတယ်။ ဝန်ကြီးဘလင်ကန် အရှေ့အလယ်ပိုင်း ခရီးစဉ် နောက်တကြိမ် သွားနေချိန်မှာပဲ အစ္စရေးရဲ့ ညပိုင်း တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၆ ယောက် အပါအဝင် လူ ၁၉ ဦး သေဆုံးသွားပါတယ်။

This item is part of

Forum

XS
SM
MD
LG