သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ် အစီအစဉ်သစ် စေ့စပ်ရေးသမားတွေ ကြေညာ


ဂါဇာအပစ်ရပ်ရေး အရင်က သဘောတူညီထားတဲ့ အချက်တွေနဲ့ သဘောထားကွဲနေသေးတဲ့ အချက်တွေကြား ကွာဟမှုကို ဆက်စပ်ပေးနိုင်မယ့် အဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့အား ချပြခဲ့တယ်လို့ ကြားဝင်ဆောင်ရွက်နေသူတွေက သောကြာနေ့မှာ ကြေညာပါတယ်။

ဒီအဆိုပြုချက်ကြောင့် အမြန် အကောင်အထည်ဖေါ်နိုင် တော့မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဂါဇာမှာ အပစ်ရပ်ပြီး ဓါးစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရဖို့အတွက် ဒိုဟာမှာ ပြုလုပ်တဲ့ ၂ ရက်ကြာဆွေးနွေးပွဲ အပြီးမှာ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက ကြားဝင်ညှိနှိုင်းပေးနေသူတွေက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပြီး သူတို့ဟာ သေသေချာချာနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို အပြင်းအထန် ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ကြားဝင်ညှိနှိုင်းတဲ့ အလုပ်အဖွဲ့ဟာ လာမယ့် သီတင်းပတ်ထဲမှာ နောက်တကြိမ်တွေ့ဆုံပြီး အခု အဆိုပြုချက်ကို ဘယ်လို အကောင်ထည် ဖေါ်မယ်ဆိုတာ အသေးစိတ် ချပြဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအထဲမှာ အဖမ်းခံရသူနဲ့ ဓါးစာခံအားလုံး ပြန်လွတ်မြောက်ရေးအပြင် လူသားစာနာမှု အကူညီပေးရေးပါ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ကြားဝင်ညှိနှိုင်းပေးတဲ့ နိုင်ငံတွေရဲ့ အစိုးရအရာရှိကြီးတွေဟာ လာမယ့် သီတင်းပတ် အကုန်လောက် ကိုင်ရိုမှာ တွေ့ဆုံပြီး ဒီသဘောတူညီချက် အပြီးသတ်နိူင်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒါဟာ ဂါဇာဒေသခံတွေ အသက်ဘေးက လွတ်စေဖို့၊ ကူညီကယ်ဆယ်မှုတွေ ရဖို့အပြင် ဒေသတွင်း တင်းမာမှုတွေကိုပါ လျော့ပါးစေမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာလည်း ဒေသတွင်း တင်းမာမှုလျော့ကျရေး သံတမန်နည်းနဲ့ ဆက်ကြိုးပမ်းဖို့အတွက် စနေနေ့မှာ အစ္စရေးကို သွားရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG