သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ဂါဇာငြိမ်းချမ်းရေး ပိုခက်ခဲလာပုံရ’ ဟု သမ္မတဘိုင်ဒန်မှတ်ချက်ပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

အစ္စရေးနဲ့ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ အမေရိကန်၊ အီဂျစ်နဲ့၊ ကာတာတို့ အပြင်းအထန်ကြိုးပမ်းနေပေမဲ့ ဂါဇာ ငြိမ်းချမ်းရေးရည်မှန်းချက်ဟာ ပိုပြိးတော့ ခက်ခဲလာပုံရတယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးအလားအလာနဲ့ ဓါးစာခံလွတ်မြောက်ရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေမေးမြန်းရာမှာ အခြေအနေက ပိုပြီးခက်ခဲလာတယ်လို့ သမ္မတဘိုင်ဒန်က အင်္ဂါနေ့က တုံ့ပြန်ပြောဆိုခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်ဘက် ဖြန့်ကျက်ချထားမှုတွေ တိုးလုပ်ချိန်မှာပဲ စီစဉ်ထားတဲ့အတိုင်း ကာတာနိုင်ငံ ဒိုဟာမှာကြာသပတေးနေ့ ‌ဆွေးနွေးပွဲဖြစ်လာဖို့ အမေရိကန်တာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။ အီရန်နောက်ခံပေးထားတဲ့ ဟာမတ်စ်အဖွဲ့ကတော့ သူတို့ မတက်ရောက်ဘူးလို့တော့ ပြောနေပါတယ်။ အီရန်ဘက်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်နိုင်ခြေရှိတာကိုဟန့်တားဖို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အရေးကြီးနေတာပါ။

အီရန်နယ်မြေထဲ ဟာမတ်ခေါင်းဆောင်တဦး လုပ်ကြံခံရတာကြောင့် အီရန်က လက်တုံ့ပြန်မယ်လို့ ပြောနေပြီး အစ္စရေးကတော့ ဒီကိစ္စမှာ သူ့လက်ချက်ဆိုပြီး ဝန်ခံတာမရှိခဲ့ပါဘူး။ လာမယ့်ရက်တွေအတွင်း သဘောတူညီမှု တခုရလာမယ်ဆိုရင် အီရန်ကိုဟန့်ထားနိုင်မယ်လို့ မျှော်လင့်တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ အီရန်ဘက်က ကြီးကြီးမားမားတိုက်ခိုက်မှုတွေလုပ်လာရင် အရှေ့အလယ်ပိုင်း ပဋိပက္ခ ပိုကျယ်ပြန့်လာမှာကို အတော်များများက စိုးရိမ်နေကြပါတယ်။ အမေရိကန်သံတမန်တွေကတော့ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိနေကြပြီး ဒေသတွင်း တင်းမာမှုလျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

‘ဂါဇာငြိမ်းချမ်းရေး ပိုခက်ခဲလာပုံရ’ ဟု သမ္မတဘိုင်ဒန်မှတ်ချက်ပြု
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG