သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်စဲရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီနဲ့ အီဂျစ်မှာဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗီးယားနဲ့ အီဂျစ်နိုင်ငံတွေကို ဒီသီတင်းပတ် သွားရောက်ဖို့ရှိပြီး ဂါဇာ ကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ပေါ်လာအောင် တွန်းအားပေး ဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။ အမေရိကန် သမ္မတ Joe Biden ကတော့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တနင်္လာနေ့က တလအတွင်း ပထမဆုံးအကြိမ် ဖုန်းဆက် စကားပြောဆိုပါတယ်။

ဟာမတ်စ် စစ်သွေးကြွတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးအတွက် ဂါဇာတောင်ဘက်ပိုင်း အီဂျစ်နယ်စပ်က Rafah မြို့ကို မြေပြင်က ထိုးစစ်ဆင်မှာ စိုးရိမ်တဲအ့ကြောင်း သမ္မတ Biden က ပြောဆိုပါတယ်။ ဟာမတ်စစ်သွေးကြွတွေ ခြေမှုန်းရေး ဘုံ ရည်မှန်းချက်ကို ပြောဆိုတဲ့ တချိန်တည်းမှာ အဆက်အစပ်ရှိရှိ ရေရှည်အတွက် မဟာဗျုဟာ တရပ် လိုအပ်တဲ့အကြောင်းလည်း သမ္မတ ဘိုင်ဒန် အစ္စရေးဝန်ကြီးချုပ်ကို ပြောခဲ့တာကို အိမ်ဖြူတော် အမျိုးသား လုံခြုုံရေးအကြံပေး Jake Sullivan က ပြန်ပြောဆိုပါတယ်။

Rafah မြို့ထဲကို မြေပြင်ကနေ ထိုးစစ်ဆင် ဝင်တိုက်မယ့် အစီအစဉ်ဟာ မှားယွင်းတယ်လို့လည်း Jake Sullivan က ပြောပါတယ်။ ပါလက်စတိုင်း ပြည်သူ တသန်းကျော်ဟာ အဲဒီ Rafah မြို့ထဲမှာ စစ်ဘေးကနေ ဘေးလွတ်ရာ ယာယီ အမိုးအကာတွေအောက်မှာ တည်းခိုနေကြတာပါ။ ဟာမတ်စ်ကို ထိုးစစ်ဆင်တဲ့ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာမြောက်ပိုင်းက နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက် တောင်ပိုင်းကို တိမ်းရှောင်ခဲ့တာပါ။ Rafah မြို့ကို ထိုးစစ်ဆင်မယ်ဆိုရင် ပါလက်စတိုင်းပြည်သူတွေကို‌ ဘေးလွတ်ရာ အရင် တိမ်းရှောင်ခိုင်းမယ်လို့ အစ္စရေးဘက်က ကတိပေးပေမဲ့ ဘယ်နေရာကိုဆိုတာကိုတော့ အခုအထိ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG