သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအပါ ကမ္ဘာ့မွတ်ဆလင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး ရာမာဒန် ဆုမွန်တောင်း 


နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ်လ ၁၁၊ ၂၀၂၄) (Photo by ANDREW CABALLERO-REYNOLDS / POOL / AFP)
နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ်လ ၁၁၊ ၂၀၂၄) (Photo by ANDREW CABALLERO-REYNOLDS / POOL / AFP)

တရုတ်ပြည် ဇင်ကျန်းက ဝီဂါ၊ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ ဂါဇာက ပါလက်စတိုင်းတွေအပါအဝင် တကမ္ဘာလုံးက မွတ်ဆလင် အသိုက်အဝန်းများစွာ အတွက် ပဋိပက္ခနဲ့ ဒုက္ခကြုံနေရချိန်မှာ ငြိမ်းချမ်းရေးရရှိပါစေလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ကမ္ဘာတဝှမ်းက မွတ်ဆလင် သန်းပေါင်း ၁,၈၀၀ ကျော်ကို ရာမာဒန် ဥပုသ်လအစမှာ မေတ္တာပို့သရင်း မစ္စတာအင်န်ထော်နီဘလင်ကန်က ခုလို ဆုတောင်းလိုက်တာပါ။ ဒုက္ခသုက္ခတွေကို လက်ငင်းခံစားနေရတာကြောင့် ဒီနှစ်ရာမာဒန်ဥပုသ်လက တမူကွဲပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂါဇာမှာ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာထောက်ထားရေး အခြေအနေက ဝမ်းနည်းစရာကောင်းတယ်လို့ သူက ဆိုပါတယ်။

ဂါဇာကို အကူအညီပို့ပေးနေသလို ဓားစာခံတွေလွတ်မြောက်ရေးပါဝင်တဲ့ အပစ်ရပ်ရေး အနည်းဆုံး သီတင်း ၆ ပတ် သဘောတူညီချက်ရအောင် မရပ်မနား ဆက်လက် ဆောင်ရွက်နေပါတယ်လို့လည်း မစ္စတာဘလင်ကန်က ပြောပါတယ်။ လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာ၊ လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာရေး တန်းတူညီတူဖြစ်မဲ့အစ္စရေးနဲ့ပါလက်စတိုင်းတိုင်း နိုင်ငံ ၂ နိုင်ငံဖြစ်ပေါ်လာတဲ့နည်းနဲ့ ငြိမ်းချမ်းရေး အဖြေကို ဆက်လက်ရှာဖွေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ငြိမ်းချမ်းရေးက ဖြစ်နိုင်ခြေရှိပြီး လိုအပ်သလို အဆောတလျင်ရရှိဖို့လည်း လိုတယ်လို့ မစ္စတာဘလင်ကန်က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG