သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမာဒန်ကာလ ဂါဇာဒေသ ငြိမ်းချမ်းရေးအတွက် ကုလအကြီးအကဲတိုက်တွန်း


ရာမာဒန်ကာလ ဝတ်ပြုနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဂျေရုစလင်မြို့မှာတွေ့ရစဉ် (မတ် ၁၀၊ ၂၀၂၄)
ရာမာဒန်ကာလ ဝတ်ပြုနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဂျေရုစလင်မြို့မှာတွေ့ရစဉ် (မတ် ၁၀၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသ ဆိုးဝါးတဲ့ ပဋိပက္ခကြား ဘေးဒုက္ခ အန္တရာယ် ခံစားနေရသူတွေနဲ့အတူ သွေးစည်းညီညွတ်မှုကို ပြပြီး ထောက်ပံ့ကူညီဖို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လရာသီအစမှာ ကုလသဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က မေတ္တာရပ်ခံသွားပါတယ်။

ရာမာဒန် ဥပုသ်ရာသီဟာ ငြိမ်းချမ်းရေးတန်ဖိုး၊ ဇွဲရှိမှုနဲ့ ရက်ရောတဲ့ ပေးကမ်းမှုကို ထင်ဟပ်နေသလို၊ ဝတ်ပြုဆုတောင်းမှုနဲ့ အတူတကွ လက်တွဲပြီး တဦးကိုတဦး ဖေးမကူညီမှုကို ထင်ဟပ်တဲ့အကြောင်း၊ ဒါပေမဲ့လည်း ပဋိပက္ခတွေကြားမှာ လူတွေ အိုးမဲ့အိမ်မဲ့ စွန့်ခွာနေရပြီး စိုးရိမ်ကြောက်ရွံနေရတာဟာ စိတ်မကောင်းစရာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဗွီဒီယို မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ ကွဲလွဲချက်တွေကို ကုစားပြီး လိုအပ်နေသူတွေကို ထောက်ပံ့ကူညီဖို့၊ ငြိမ်းချမ်းရေး တရားမျှတမှုနဲ့ မေတ္တာတရားထွန်းကားတဲ့ ကမ္ဘာကို ရှေးရှုဖို့ ဆုတောင်းတဲ့အကြောင်း အတွင်းရေးမှုးချုပ်က ပြောဆိုသွားတာပါ။

ရာမန်ဒန်ဟာ အာရှဒေသက မူဆလင်နိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်း အစ္စလမ် ဘာသာဝင်တွေ မိုးလင်းကနေ ညနေအထိ အစာမစားဘဲ ဥပုသ်သီလ စောင့်ကြတဲ့ ရာသီ ဖြစ်ပါတယ်။ အစ္စလာမ် သာဝင်တွေရဲ့ သတ်မှတ်ချက်မှာ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့အချိန်ကစပြီး ဥပုသ်ရာသီ သတ်မှတ်တာကြောင့်လည်း တနိုင်ငံနဲ့ တနိုင်ငံ အချိန် ကွာခြားတတ်ပါတယ်။ ငွေကြေးဖေါင်းပွမှု၊ စားသောက်ကုန် ဈေးတွေတက်တာနဲ့ စီးပွားရေးအကျပ်အတည်းတွေ ပဋိပက္ခတွေ နေရာတိုင်းလိုလို ကြုံနေရပေမဲ့လည်း ဘာသာရေးပွဲလမ်းနဲ့ ဗလီကျောင်းတွေမှာ ဆုတောင်းပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG