သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားက ဒီမိုကရေစီ ထိပ်သီးညီလာခံ ကန် နိုင်ငံခြားရေးဝန်ကြီးတက်မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာ ကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တက်ရောက်မှာဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပမယ့် ၃ ကြိမ်မြောက် ဒီမိုကရေစီညီလာခံမှာ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ Computer spyware တွေကို တိုက်ဖျက်နိုင်ဖို့ ဘယ်လိုမူဝါဒ ဥပဒေတွေချမှတ်ဆောင်ရွက်နေသလဲဆိုတာ အမေရိကန်က အဓိကထားဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီညီလာခံကို အစိုးရတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအုပ်ချုပ်မှု ခိုင်မာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့တွေ၊ လူအခွင့်အရေးအတွက်ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင် ရာနဲ့ချီတက်ရောက်ကြမှာဖြစ်ပါတယ်။

တောင်ကိုရီးယားခရီးစဉ်အတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဝန်ကြီး Blinken ခရီးဆက်မှာဖြစ်ပါတယ်။

မနီလာမြို့တော်မှာ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့တွေ့ဆုံတဲ့အခါ အမေရိကန် ဖိလစ်ပိုင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေအပြင် အာရှဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိစ္စတွေအပါအဝင် စီးပွားရေး၊ ကျန်းမာရေး သန့်ရှင်းလောင်စာကိစ္စတွေ ပါဝင်မယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG