သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး ဘလင်ကန် ဘရာဇီးသမ္မတနဲ့တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဘရာဇီး သမ္မတ Luiz Inácio Lula da Silva တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဘရာဇီး သမ္မတ Luiz Inácio Lula da Silva တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဘရာဇီးနိုင်ငံမှာ ရောက်ရှိနေပြီး သမ္မတ Luiz Inácio Lula da Silva နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် စက်မှုအင်အားကြီးနိုင်ငံ ၂၀ (G-20) အဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝန်ကြီးဘလင်ကန်ဟာ ဘရာဇီးနိုင်ငံက G-20 အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားတာကို အားပေးကြောင်း အလေးထား ပြောဆိုခဲ့ပြီး၊ အလုပ်သမားအခွင့်အရေး၊ သန့်ရှင်းစွမ်းအင်ထုတ်လုပ်မှု၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အပါအဝင် ၂ နိုင်ငံကိစ္စတွေကို ဆွေးနွေခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

G-20 အစည်းအဝေးကို တက်ရောက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့လည်း ရှားရှားပါးပါး မျက်နှာချင်းဆိုင် တွေ့ကောင်း တွေ့နိုင်ပါတယ်။ G-20 အစည်းအဝေးကျင်းပနေစဉ် သီးခြားတွေ့ဆုံမှုတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုရရေး အကူအညီတောင်းခံထားတဲ့ ဟေတီနိုင်ငံအတွက် နိုင်ငံစုံလုံခြုံရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှာပါ။

ဥရောပသမဂ္ဂနဲ့ အာဖရိက ယူနီယံ အပါအဝင် ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး အဖွဲ့ဝင် ၁၉ နိုင်ငံ ပါဝင်တဲ့ G-20 အဖွဲ့အစည်းအဝေးမှာ အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ ဂါဇာဒေသက စစ်ပွဲနဲ့ ရုရှားကျုးကျော်မှု ရင်ဆိုင်နေရတဲ့ ယူကရိန်းအရေးတို့နဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်မဲ့ အလားအလာတော့ မရှိပါဘူး။

This item is part of

Forum

XS
SM
MD
LG