သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖွယ်ရှိ

ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနယ်စမ်မှာတွေ့ရတဲ့ အစ္စရေးတင့်ကား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနယ်စမ်မှာတွေ့ရတဲ့ အစ္စရေးတင့်ကား (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

ဂါဇာကမ်းမြှောင် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဒါဇင်နဲ့ချီတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်သတ်ဖြတ်လိုက်ကြောင်း အစ္စရေးက ဒီကနေ့ ပြောပါတယ်။ တချိန်တည်းမှာပဲ၊ အပစ်အခတ်ရပ်စဲရေး အခြေခံမှုတွေအတွက် ညှိနှိုင်းမှုတွေ ဒီနေ့မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

ကိုင်ရိုမြို့မှာလုပ်မဲ့ဆွေးနွေးပွဲမှာ အမေရိကန်၊ အီဂျစ်၊ အစ္စရေးနဲ့ ကာတာနိုင်ငံတွေက အကြီးတန်းအရာရှိတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး၊ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေးစတာတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။ ဟာမတ်စ်တွေရဲ့ တန်ပြန် အဆိုပြုချက်ကို အစ္စရေးဘက်က ပယ်ချခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ညှိနှိုင်းမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဓားစာခံ တချို့ကိုလွှတ်ပေးခဲ့ပေမဲ့ ဟာမတ်စ်တို့လက်ထဲ ဓားစာခံ ၁၀၀ ဝန်းကျင် ကျန်နေသေးတယ်လို့ ခန့်မှန်းရပါတယ်။ ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့အချိန် သေဆုံး ဒါမှမဟုတ် အသတ်ခံခဲ့ရသူ ဓားစာခံ ၃၁ ယောက် ရှိတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေး၊ ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖွယ်ရှိ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG