သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အပစ်ရပ်ရေးအဆိုပြုချက် ဟာမတ်စ်တုံ့ပြန်” ကန်နိုင်ငံခြားရေးဝန်ကြီး


Qatar US Blinken
Qatar US Blinken

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆိုပြုချက်ကို ဟာမတ်စ်က တုံ့ပြန်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။

“ဟာမတ်စ်က ဒီနေ့ည တုံ့ပြန်လိုက်ပါတယ်။ အဲဒီတုံ့ပြန်ချက်ကို ကျနော်တို့ သုံးသပ်နေပါတယ်။ မနက်ဖြန်မှာ အစ္စရေးအစိုးရနဲ့ ကျနော်ဆွေးနွေးပါမယ်” လို့ ပြောသွားခဲ့တာပါ။ လုပ်ရမှာတွေ အများကြီးရှိနေပေမဲ့ သဘောတူညီချက်က ဖြစ်နိုင်စရာရှိတယ်လို့ မစ္စတာဘလင်ကန်က ဆိုပါတယ်။

ဂါဇာမှာ အပစ်ရပ်ရေး၊ အကူအညီပေးရေး၊ ဓားစာခံတွေလွတ်ရေးနဲ့ပတ်သက်တဲ့ နောက်ဆုံးအဆိုပြုချက်ကို အပြုသဘောစိတ်ဓာတ်နဲ့ တုံ့ပြန်လိုက်တယ် လို့ ဟာမတ်စ်က အင်္ဂါနေ့မှာ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ တုံ့ပြန်ချက် က ယေဘုယျအားဖြင့် အပြုသဘောဆောင်ပါတယ်လို့ မစ္စတာဘလင်ကန်နဲ့ တွေ့ခဲ့တဲ့ ကာတာဝန်ကြီးချုပ်ကလည်း အင်္ဂါနေ့မှာ ပြောပါတယ်။

မိမိတို့ ပြည်သူတွေအပေါ် ကျူးကျော်တိုက်ခိုက်တာကို အဆုံးသတ်ဖို့အတွက် အကျုံးဝင် ပြီးပြည့်စုံတဲ့အပစ်အခတ်ရပ်စဲမှုမျိုးကို လိုလားနေဆဲဖြစ်တယ်လို့ ဟာမတ်စ်ကဆိုပေမဲ့ အစ္စရေးကတော့ အဲဒီလို အမြဲတမ်း အပစ်အခတ်ရပ်စဲတာမျိုးကို ပယ်ချထားတာပါ။

“အပစ်ရပ်ရေးအဆိုပြုချက် ဟာမတ်စ်တုံ့ပြန်” ကန်နိုင်ငံခြားရေးဝန်ကြီး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG