သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အရပ်သားတွေ ဦးစားပေးကာကွယ်ဖို့ အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

ဂါဇာကမ်းမြောင်ဒေသမှာ ဟာမတ်စ် စစ်သွေးကြွတွေအပေါ် စစ်ဆင်နေတဲ့ စစ်ဆင်ရေးမှာ ပါလက်စတိုင်းပြည်သူတွေကို အကာအကွယ်ပေးရေးကို အစ္စရေးက နံပတ် ၁ ဦးစားပေးရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားလိုက်ပါတယ်။

"အစ္စရေးအနေနဲ့ ဟာမတ်စ် တို့ရဲ့ရန်ကို ကာကွယ်ဖို့နဲ့ နိုင်ငံကာကွယ်နိုင်ဖို့ လိုအပ်တာလုပ်တဲ့ တချိန်ထဲမှာ ပါလက်စတိုင်းအရပ်သားတွေကို အကာအကွယ်ပေးဖို့၊ သူတို့လိုအပ်တဲ့ အကူအညီတွေပေးဖို့ကို နံပတ် ၁ ဦးစားပေးရမယ်" လို့ နိုင်ငံတကာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗုဒ္ဓဟူးနေ့က အွန်လိုင်းမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ရေလမ်းကြောင်းတခုဖွင့်ပြီး အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ Cyprus၊ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နဲ့ Qatar နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ဗုဒ္ဓဟူးနေ့က အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာပါ။ ရေလမ်းကနေ အကူအညီပေးနိုင်တဲ့ လမ်းကြောင်းဖွင့်နိုင်မယ်ဆိုရင် တနေ့ကို အစာ နပ်၂ သန်းကျော်အပြင် ဆေးဝါး၊ သောက်သုံးရေနဲ့ တခြားအရေးတကြီးလိုနေတဲ့ လူသားချင်းစာနာစရာ အကူအညီတွေပေးနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

ဂါဇာကမ်းလွန်မှာ ယာယီဆိပ်ခံတံတားဆောက်လုပ်ဖို့ အမေရိကန်စစ်တပ်က သင်္ဘောတစီး မြေထဲပင်လယ်ထဲကို စေလွှတ်ထားပါတယ်။ အကူအညီတွေ သယ်ယူပို့ဆောင်နိုင်မဲ့အခြေအနေ ဆောက်လုပ်ပြီးစီးဖို့တော့ ၂ လလောက်ကြာနိုင်တယ်လို့ ပြောထားပါတယ်။ တချိန်ထဲမှာပဲ ဂါဇာတောင်ပိုင်း Khan Younis မြို့အပေါ် အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဒီနေ့လည်း ဆက်လုပ်နေပါတယ်။

Forum

XS
SM
MD
LG