သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအတွက် ကုန်းကြောင်းက အကူအညီတွေရောက်ရှိ


ဂါဇာဒေသအတွက် အကူအညီတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်များကို စစ်ဆေးနေစဉ် (မတ် ၁၄၊ ၂၀၂၄)
ဂါဇာဒေသအတွက် အကူအညီတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်များကို စစ်ဆေးနေစဉ် (မတ် ၁၄၊ ၂၀၂၄)

ဂါဇာက ပါလက်စတိုင်းတွေအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေ အစ္စရေးနိုင်ငံတောင်ပိုင်း Kerem Shalom နယ်စပ်ဂိတ်မှာ စစ်ဆေးမှုတွေ ခံယူပြီးတဲ့နောက် ဒီကနေ့ ဂါဇာထဲကို ဖြတ်သန်း ဝင်ရောက်လာနေတဲ့ပုံတွေ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။

ဂါဇာရှိနေတဲ့ ပါလက်စတိုင်းတွေအတွက် စားနပ်ရိက္ခာတွေ အလျင်အမြန် ရောက်မလာရင် အငတ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အစ္စရေးအနေနဲ့ စားနပ်ရိက္ခာတွေ ပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာဘဲ အခုလို ထရပ်ကားတွေ ဝင်ခွင့်ရခဲ့တာပါ။

မနေ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ အမေရိကန်လေတပ်က ဂါဇာဒေသအပေါ် စားနပ်ရိက္ခာတွေ လေယာဉ်နဲ့ ကျဲချပေးခဲ့တဲ့ပုံတွေ အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ငတ်မွတ်မှုသက်သာစေရေးအတွက် အမေရိကန်နဲ့ တခြား နိုင်ငံတချို့က လေကြောင်းကနေ စားနပ်ရိက္ခာတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကြဲချပေးခဲ့ကြပါတယ်။

ဒါပေမယ့် ရိက္ခာတွေကို လေကြောင်းက ကြဲချပေးတာနဲ့ သင်္ဘောနဲ့ သယ်လာပေးတဲ့ အစီအစဉ်တွေဟာ ထရပ်ကားတွေနဲ့ နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာတဲ့ အစီအစဉ်လောက် ထိရောက်မှုမရှိဘူးလို့ ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

Forum

XS
SM
MD
LG