သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုဟာ လက်နက်သဖွယ်ဖြစ်လာနေ


ရာမာဒါန်ကာလ ဝါဖြေစာလာရောက်ယူနေကြတဲ့ ဂါဇာဒေသခံများ (မတ် ၁၁၊ ၂၀၂၄)
ရာမာဒါန်ကာလ ဝါဖြေစာလာရောက်ယူနေကြတဲ့ ဂါဇာဒေသခံများ (မတ် ၁၁၊ ၂၀၂၄)

ငတ်မွတ်ခေါင်းပါးမှုဟာ စစ်လက်နက်တခုဖြစ်လာတယ်လို့ အီးယူ ထိပ်တန်းသံတမန်ကပြောပြီးတဲ့နောက် အလှူရှင်နိုင်ငံတွေ၊ အကူအညီပေးရေးအေဂျင်စီတွေနဲ့ စေတနာရှင်တွေက ဂါဇာကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းတို့ကနေ အစားအစာတွေ ကူညီပေးနိုင်ဖို့ ဒီနေ့ကစပြီး ကြိုးပမ်းနေကြပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကနေ စခဲ့တဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသလို၊ ပါလက်စတိုင်း နယ်မြေမှာ လူပေါင်း ၂ ဒသမ ၄ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ခံလာရနိုင်တယ်လို့ သတိပေးမှုတွေ ပေါ်ထွက်နေတာပါ။ မနေ့ကတော့ Cyprus နိုင်ငံကနေ ဂါဇာကို တန်ချိန် ၂၀၀ ရှိတဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အီဂျစ်ကနေ ဂါဇာကမ်းမြောင်ကို အကူအညီပေးမယ့် ထရပ်ကားတွေရောက်ရှိမှု နှေးကွေးသွားတဲ့အတွက် အကူအညီပေးရေးပစ္စည်းတွေကို အလုအယက် ယူငင်နေရတဲ့အတွက် လူထုမငြိမ်မသက်ဖြစ်ခဲ့ရတာကြောင့် အစ္စရေးအပေါ် အပြစ်တင်မှုတွေလည်းရှိနေပါတယ်။ အာရပ်နဲ့ အနောက်နိုင်ငံတချို့ကတော့ ဂါဇာကမ်းမြောင်ကို လေထီးတွေကတဆင့် ရိက္ခာထုပ်တွေကို ပစ်ချခဲ့ကြပြီး၊ မော်ရိုကိုနိုင်ငံကလည်း အစ္စရေးနိုင်ငံ Ben Gurion လေဆိပ်ကတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဉ်ပျံတစင်းနဲ့ ပို့ပေးခဲ့ပါသေးတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကတော့ ကနဦး ကယ်ဆယ်ရေး ထရပ်ကား ခြောက်စီးကို အစ္စရေးတောင်ပိုင်းကတဆင့် ဂါဇာ မြောက်ပိုင်းကို မနေ့ကပဲ ပေးပို့ခဲ့ပါသေးတယ်။ စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး ပါလက်စတိုင်းမှာ သေဆုံးသူ စုစုပေါင်းဟာ အနည်းဆုံး ၃၁,၂၇၂ ဦး ရှိပြီး အခြားဒဏ်ရာရသူ ၇၃,၀၀၀ ရှိကြောင့် ဟာမတ်စ်ဦးစီးတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေး ဝန်ကြီးဌာနကပြောပါတယ်။

ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုဟာ လက်နက်သဖွယ်ဖြစ်လာနေ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG