သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အရပ်သားသေဆုံးမှုတွေအတွက် အစ္စရေးဝန်ကြီးချုပ်ကို သမ္မတဘိုင်ဒင် သတိပေး


သမ္မတဂျိုဘိုင်ဒန်က ဂါဇာ အပစ်ရပ်စဲရေး ကြိုးပမ်းမှုကို စောင့်ကြည့်ကြဖို့ သတင်းထောက်များအား တုံ့ပြန်ဖြေကြား၊ မတ်လ ၄၊ ၂၀၂၄ (Reuters)
သမ္မတဂျိုဘိုင်ဒန်က ဂါဇာ အပစ်ရပ်စဲရေး ကြိုးပမ်းမှုကို စောင့်ကြည့်ကြဖို့ သတင်းထောက်များအား တုံ့ပြန်ဖြေကြား၊ မတ်လ ၄၊ ၂၀၂၄ (Reuters)

ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်ကို အင်အားအပြင်းအထန်သုံး ချေမှုန်းနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လုပ်ရပ်ဟာ အစ္စရေးနိုင်ငံအတွက် အထောက်အကူ မဖြစ်စေဘဲ ထိခိုက်နစ်နာမှုတွေသာ ဖြစ်စေကြောင်း သမ္မတ Joe Biden က ဝေဖေန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၇) ရက်နေ့က အစ္စရေးနိုင်ငံထဲ ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို တန်ပြန်နှိမ်နင်းတဲ့ လုပ်ရပ်ကို ထောက်ခံပေမဲ့ နေတန်ယာဟုအနေနဲ့ အပြင်းအထန် လိုက်လံချေမှုန်းတဲ့ အကျိုးဆက်ကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ အခြေအနေကို ပိုပြီးအာရုံစိုက်ရလိမ့်မယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။

ဂါဇာမှာ အရပ်သားသေဆုံးမှု တိုးလာတဲ့အတွက် အစ္စရေးအပေါ် နိုင်ငံတကာထောက်ခံမှုတွေ ဆုံးရှုံးသွားနိုင်တယ်လို့ လပေါင်းများစွာကတည်းက သမ္မတ Biden က သတိပေးခဲ့တာပါ။ အမေရိကန် ရုပ်သံသတင်းဌာန MSNBC ရဲ့ စနေနေ့က ထုတ်လွှင်ခဲ့တဲ့ မေးမြန်းခန်းအစီအစဉ်မှာ သမ္မတ Biden ရဲ့ အစ္စရေးနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေကို ကြည့်ခြင်းအားဖြင့် အစ္စရေးနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးကြား တင်းမာတဲ့ ဆက်ဆံရေးကို ပေါ်လွင်စေပါတယ်။

ဂါဇာမှာ အရပ်သားသေဆုံးမှုတွေဟာ အစ္စရေးရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေပြီး ကြီးမားတဲ့ အမှားတခုဖြစ်ကြောင်းလည်း သမ္မတ Biden ကမှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG