သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ယာယီဆိပ်ခံဆောက်လုပ်ရေး ပစ္စည်းတွေ အမေရိကန်ပေးပို့


အမေရိကန်စစ်သင်္ဘော စားနိပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ဖို့ မြေထဲပင်လယ်ဒေသကို သွားရောက်
အမေရိကန်စစ်သင်္ဘော စားနိပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ဖို့ မြေထဲပင်လယ်ဒေသကို သွားရောက်

ဂါဇာဒေသမှာ ယာယီဆိပ်ခံတံတားဆောက်မယ့် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်တပ်က သင်္ဘောတစင်း ဒီကနေ့ပဲ မြေထဲပင်လယ်ဒေသကို သွားရောက်နေပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေအတွက် အကူအညီတွေ ရေကြောင်းကနေ တိုးမြှင့်ပို့ဆောင်မယ့် အစီအစဉ်တွေကို အမေရိကန်သမ္မတ Joe Biden ကြေညာလိုက်ပြီး ၃ ရက်အကြာမှာ ခရီးစဉ် စတင်လိုက်တာပါ။ ဂါဇာဒေသမှာ စာနာမှု အကူအညီ လိုအပ်ချက်တွေ ကြီးထွားလာနေချိန်မှာပဲ အစ္စရေးက ထိန်းချုပ်ထားတဲ့ ကုန်းလမ်းတွေကို ရှောင်ရှားပြီး အမေရိကန်၊ ဂျော်ဒန်နဲ့ တခြားနိုင်ငံတွေက လေကြောင်းကနေ အကူအညီတွေ ပေးပို့နေသလို အခုနောက်ဆုံး ရေကြောင်းကိုပါ အသုံးပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ရေကြောင်းက အကူအညီပေးမယ့် အစီအစဉ်ကို ကြိုဆိုကြောင်း အစ္စရေးက ပြောဆိုထားပြီး၊ အနီးအနားမှာရှိတဲ့ ဆိုက်ပရပ်စ်ကနေ ဂါဇာဒေသကို လာရောက်မယ့် ကုန်သင်္ဘောတွေကို စစ်ဆေးမယ်လို့လည်း ပြောပါတယ်။ အစ္စရေးက လုံခြုံရေးအတွက် ကန့်သတ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၅ လအတွင်း ဂါဇာဒေသကို ကုန်းကြောင်းက ဝင်ရောက်တဲ့ ကားအရေအတွက်ဟာ စစ်မဖြစ်ခင်ကထက် သိသိသာသာ လျော့နည်းပြီး ၅၀၀ တောင် မပြည့်တော့ပါဘူး။

Forum

XS
SM
MD
LG