သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာယာယီဆိပ်ကမ်းတည်ဆောက်ပေးမယ့် ကန်စစ်သင်္ဘောထွက်ခွာ


တန် ၂၀၀ ရှိတဲ့ ဆန်နဲ့ဂျုံမှုန့်တွေတင်ပြီး ဂါဇာကမ်းမြောင်ဒေသကိုသွားဖို့ ဆိုက်ပရပ်စ်ဆိပ်ကမ်းမှာ ရပ်ထားတဲ့ Open Arms အကူအညီပေးရေးအဖွဲ့ပိုင် သင်္ဘော (မတ် ၈၊ ၂၀၂၄)
တန် ၂၀၀ ရှိတဲ့ ဆန်နဲ့ဂျုံမှုန့်တွေတင်ပြီး ဂါဇာကမ်းမြောင်ဒေသကိုသွားဖို့ ဆိုက်ပရပ်စ်ဆိပ်ကမ်းမှာ ရပ်ထားတဲ့ Open Arms အကူအညီပေးရေးအဖွဲ့ပိုင် သင်္ဘော (မတ် ၈၊ ၂၀၂၄)

ဒုက္ခတွေ့နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးနိုင်ဖို့ ဂါဇာကမ်းမြောင်ဒေသမှာ ယာယီဆိပ်ကမ်းတခု တည်ဆောက်ရေးအတွက် အမေရိကန်စစ်သင်္ဘောတစင်းဟာ မြေထဲပင်လယ်ဒေသကို ထွက်ခွာသွားပါပြီ။ ဒါပေမဲ့လည်း ဒီဆိပ်ကမ်းတည်ဆောက်ပြီးစီးပြီး ကူညီရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ နှစ်လလောက်အထိကို ကြာနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

General France S.Besson စစ်သင်္ဘောဟာ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ အမေရိကန်ရေတပ်စခန်းကနေ ထွ က်ခွာသွားပြီလို့ အာရှအလယ်ပိုင်းဒေသနဲ့တောင်ပိုင်းကို ကြီးကြပ်ရတဲ့ ကမ္ဘာ့အလယ်ပိုင်း အမေရိကန်စစ်ကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခု ဒီတည်ဆောက်မယ့် ယာယီဆိပ်ကမ်းကနေ အစားအစာနဲ့ဆေးဝါးအကူအညီတွေ ဖြန့်ဝေမှာဖြစ်ပြီး အဲဒီမှာတော့ အကူအညီတွေထဲ လက်နက်တွေ ပါမပါဆိုတာကို အစ္စရေးစစ်တပ်က စစ်ဆေးမှာဖြစ်ပါတယ်။

ဂါဇာမှာ ဟာမတ်စ်တို့အာဏာရလာပြီး ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကမ်းရိုးတန်းတလျှောက် အစ္စရေးက ရေတပ်နဲ့ ပိတ်ထားသလို ဂါဇာမှာလည်း ဆိပ်ကမ်းမရှိတဲ့အတွက် အကူအညီပေးရေး ယာယီဆိပ်ကမ်းတခုဆောက်ဖို့ လိုအပ်နေတာပါ။ မကြာခင်မှာတော့ ဆိုက်ပရပ်စ်ကနေလာမယ့် အကူအညီပေးရေး စပိန်သင်္ဘောတစင်းလည်း လာရောက်ဖို့ရှိနေပါတယ်။ အဲဒီမှာပါမယ့် အစားအသောက် တန်ချိန် ၂၀၀ ကို ဂါဇာကကမ်းခြေမှာ ချပေးနိုင်ဖို့ ဆိပ်ခံအကြမ်းတခုကို တည်ဆောက်ခဲ့ရပါတယ်။ ရာမန်ဒန်ဥပုပ်လစတာနဲ့ အပစ်အခတ်ရပ်စဲရေးယူဖို့ မျှော်လင့်ထားကြပေမယ့်လည်း အခုအချိန်အထိ နှစ်ဘက်သဘောတူညီချက်မရသေးပါဘူး။

ဂါဇာယာယီဆိပ်ကမ်းတည်ဆောက်ပေးမယ့် ကန်စစ်သင်္ဘောထွက်ခွာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG