သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအကူအညီတိုးပေးနိုင်ဖို့ နိုင်ငံတကာ ဖိအားပေး


အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျနေတဲ့အဆောက်အဦးတွေကြားမှာ သေဆုံးသူ၊ ပိတ်မိနေသူတွေကို ရှာဖွေနေကြတဲ့ ပါလက်စတိုင်းများ။ (မတ်လ ၄၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျနေတဲ့အဆောက်အဦးတွေကြားမှာ သေဆုံးသူ၊ ပိတ်မိနေသူတွေကို ရှာဖွေနေကြတဲ့ ပါလက်စတိုင်းများ။ (မတ်လ ၄၊ ၂၀၂၄)

ဂါဇာမှာ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်မှာဆွေးနွေးနေကြချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာတဝှမ်း မြေပြင်ကရော ဝေဟင်ကပါ စစ်ဆင် တိုက်ခိုက်နေပါတယ်။

ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ ပိုပြီးပေးပို့နိုင်အောင် ဆောင်ရွက်ဖို့လိုနေပြီဆိုတာကို အစ္စရေးကိုသတိပေးဖို့ စီစဉ်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ပြောပါတယ်။ ဂါဇာမှာ လူတွေဟာ ငတ်မွတ်မှုကြောင့် သေဆုံးနေရတယ်၊ ကာကွယ်လို့ရတဲ့ရောဂါတွေကြောင့်လည်း သေဆုံးနေကြရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က လွှတ်တော်ကို ပြောခဲ့ပါတယ်။

ဂါဇာဒေသတွင်းငတ်မွတ်မှုဟာ ကပ်ဘေးအဆင့်အထိရောက်လာပြီး ဒီတိုင်းဆိုရင်တော့ ဂါဇာမှာ လူသားရှင်သန်မှုအကျပ်အတည်းကြီး ဆိုးဆိုးဝါးဝါးဖြစ်လာမယ်လို့ သိမ်းပိုက်ခံပါလက်စတိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုညှိနှိုင်းရေးမှူး James McGoldrick ကလည်း သတိပေးပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ အကျပ်အတည်းကာလစီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Janez Lenarčič ကလည်း ဂါဇာကို အကူအညီတွေ ပိုပေးနိုင်ဖို့ ဂါဇာနဲ့နယ်စပ်တွေဖွင့်ပေးဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။

တချိန်တည်းမှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နိုင်ငံတကာစေ့စပ်ရေးမှူးတွေ စည်းဝေးတိုင်ပင်နေကြပြီး လာမယ့် Ramandan ဥပုသ်လကစပြီး သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးဖြစ်လာစေဖို့ ညှိနှိုင်းနေကြပါတယ်။ ယာယီအပစ်ရပ်ဖို့ကိစ္စဟာ ဟာမတ်စ်တို့အပေါ်တည်နေပြီလို့ အမေရိကန်သမ္မတ Joe Biden က အင်္ဂါနေ့က ပြောပါတယ်။ ဒါပေမယ့်လည်း ဂါဇာဒေသက ပါလက်စတိုင်းအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပို ပေးနိုင်ဖို့ အစ္စရေးဘက်က ခွင့်ပြုပေးရမယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။

ဂါဇာအကူအညီတိုးပေးနိုင်ဖို့ နိုင်ငံတကာဖိအားပေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG