သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း အပစ်ရပ်ရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး


ဂါဇာနယ်စပ်မှာတွေ့ရတဲ့ အစ္စရေးစစ်သားတဦး
ဂါဇာနယ်စပ်မှာတွေ့ရတဲ့ အစ္စရေးစစ်သားတဦး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာလုပ်တဲ့ အစ္စရေးနဲ့ဟာမတ်စ်တို့ကြား ယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြီးဆုံးသွားချိန်မှာပဲ ဂါဇာ တောင်ပိုင်းက Rafah (ရာဖာ) မြို့ကို အစ္စရေးဘက်က မကြာခင် ဝင်ရောက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့အတွက် ပါလက်စတိုင်းအရပ်သားတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာကာ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြရပါတယ်။

အမေရိကန်၊ အစ္စရေး၊ အီဂျစ်နဲ့ ကာတာနိုင်ငံက ခေါင်းဆောင်‌တွေပါဝင်တဲ့ ဆွေးနွေးပွဲဟာ မနေ့ကပဲ အောင်မြင်မှုလက္ခဏာမပြဘဲ ပြီးဆုံးခဲ့တာဖြစ်ပြီး၊ နောက်တစ်ကြိမ်တွေ့ဆုံမယ့်ရက်ကိုလည်း ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိခဲ့ပါဘူး။

အစ္စရေးစစ်တပ်ကတော့ ရာဖာမြို့မှာ ပုန်းအောင်းနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ဖယ်ရှားဖို့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ ပြောထားပေမဲ့၊ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အဆိုပြုထားတဲ့ အစီအစဉ် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဟာမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံတွေနဲ့ အရပ်သားတွေကြားမှာ ပုန်းအောင်းနေတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပေမဲ့ စစ်သွေးကြွအုပ်စုကတော့ ဒါကို ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG