သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ အပစ်ရပ်ရေးဆွေးနွေးပွဲ တိုးတက်မှုမရသေး

အစ္စရေးတင့်ကားတစီးကို ဂါဇာကမ်းမြှောင်ဒေသနယ်စပ်မှာ တွေ့ရစဉ် (မတ် ၆ ၊ ၂၀၂၄)
အစ္စရေးတင့်ကားတစီးကို ဂါဇာကမ်းမြှောင်ဒေသနယ်စပ်မှာ တွေ့ရစဉ် (မတ် ၆ ၊ ၂၀၂၄)

ဂါဇာဒေသမှာ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးခံ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးရေး ၃ ရက်ကြာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ထူးခြားတဲ့ရလဒ် မရှိသေးကြောင်း ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အီဂျစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

၅ လနီးပါးကြာ စစ်ပွဲကြောင့် ဂါဇာဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ရပ်ဆိုင်းနိုင်ဖို့ သီတင်းတပတ်တောင် မကျန်တော့တဲ့ မွတ်ဆလင်တွေရဲ့ ရာမာဒါန် ဥပုသ်ကာလ မတိုင်ခင် သဘောတူညီချက်ရရေး စေ့စပ်ညှိနှိုင်းသူတွေ ကြိုးပမ်းနေကြတာပါ။

သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲပြီး၊ အပြန်အလှန်အနေနဲ့ ဓားစာခံ ၄၀ လောက်အထိ လွှတ်ပေးရေး၊ အစ္စရေးမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေ ပြန်လွှတ်ပေးပြီး ဂါဇာဒေသမှာ အကူအညီတွေ တိုးမြှင့်ပေးပို့နိုင်ရေး စတာတွေ ပါဝင်တဲ့ သဘောတူညီချက်ရဖို့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က တာဝန်ရှိသူတွေ သီတင်းပတ်နဲ့ချီ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဟာမတ်စ်အဖွဲ့က အဆိုပြုချက်တရပ် တင်ပြထားပြီး၊ မကြာခင်ရက်တွေမှာ စေ့စပ်ညှိနှိုင်းသူတွေ အစ္စရေးနဲ့ ဆွေးနွေးဖို့ ရှိနေကြောင်းလည်း အီဂျစ်အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။

အီဂျစ်နိုင်ငံမှာပဲ ရှိနေသေးတဲ့ ဟာမတ်စ်ကိုယ်စားလှယ် အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းသူတွေ ဒီကနေ့ မတ်လ ၆ ရက်နေ့မှာ တွေ့ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း အီဂျစ်အစိုးရ တာဝန်ရှိသူတယောက်ကပြောပါတယ်။

ဂါဇာ အပစ်ရပ်ရေးဆွေးနွေးပွဲ တိုးတက်မှုမရသေး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG