သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ် သဘောတူညီချက်ရရေး အမြန်ကြိုးစားဖို့ ကန်သတိပေး


သမ္မတ Joe Biden မေရီလန်းပြည်နယ် Hagerstown ကနေ မထွက်ခွါခင် လေဆိပ်မှာ ဂါဇာအရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံဖြေကြားစဥ်။ (မတ် ၅၊ ၂၀၂၄)
သမ္မတ Joe Biden မေရီလန်းပြည်နယ် Hagerstown ကနေ မထွက်ခွါခင် လေဆိပ်မှာ ဂါဇာအရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံဖြေကြားစဥ်။ (မတ် ၅၊ ၂၀၂၄)

အစ္စရေးနဲ့ဟာမတ်စ်တို့အနေနဲ့ မူဆလင်တွေရဲ့ရာမာဒန် ဥပုသ်လအဝင် နောက်ဆုံးထားပြီး ဂါဇာမှာ အပစ်ရပ်ရေးသဘောတူညီချက် မရရင် အလွန့်အလွန်ကို အန္တရာယ်များလှတဲ့အခြေအနေဖြစ်တယ် လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

သီတင်းခြောက်ပတ်ကြာအပစ်ရပ်ရေး ကမ်းလှမ်းချက်က ဟာမတ်စ်အပေါ်မှာမူတည်နေတယ်လို့ သမ္မတဘိုင်ဒန်ကပြောသလို ပါလက်စတိုင်းနယ်မြေထဲ အကူအညီပေးရေး ခွင့်မပြုစရာ ဘာအကြောင်းပြချက်မှလည်းမရှိဘူး လို့ အစ္စရေးကိုလည်း သတိပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာရှိတဲ့ သမ္မတအနားယူစခန်း Camp David က အိမ်ဖြူတော်ကို ပြန်ခါနီးလေးမှာ သတင်းထောက်တွေကို သမ္မတဘိုင်ဒန်က ခုလို ပြောခဲ့တာပါ။

ဒါပေမဲ့ ကိုယ့်ပြည်သူတွေ ရန်လိုစစ်ဆင်ခံနေရချိန်မှာ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို အကန့်အသတ်မရှိ ဖွင့်ခွင့်ပေးထားလိမ့်မယ်မဟုတ်ဘူးလို့ ဟာမတ်စ်‌အဖွဲ့ တာဝန်ရှိသူ အိုစမာ ဟမ်ဒန် က ဘေရွတ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်္ဂါနေ့က တုံ့ပြန်လိုက်ပါတယ်။

လပေါ်မှာမူတည်ပြီးလုပ်တဲ့ ရာမာဒန်ဥပုသ်လဟာ မတ်လ ၁၀ ရက် ဒါမှမဟုတ် ၁၁ ရက်နေ့မှာ စတော့မှာပါ။ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုနဲ့သူနဲ့ ဆက်ဆံရေးတင်းမာလာတယ်ဆိုတဲ့အသံတွေ နဲ့ပတ်သက်လို့တော့ 'ဆက်ဆံရေးက အရင်အတိုင်းပါပဲ' လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဂါဇာအပစ်ရပ် သဘောတူညီချက်ရရေး အမြန်ကြိုးစားဖို့ ကန်သတိပေး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG