သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ပါလက်စတိုင်းတွေစွန့်ခွာနေရာပြောင်းဖို့ အစ္စရေးအမိန့်ထုတ်


ဂါဇာတောင်ပိုင်း ခန် ယူးနစ်စ် မြို့ပေါ်ကို အစ္စရေးက လေကြာင်းတိုက်ခိုက်မှု။ (ဒီဇင်ဘာ ၂၊ ၂၀၂၃)
ဂါဇာတောင်ပိုင်း ခန် ယူးနစ်စ် မြို့ပေါ်ကို အစ္စရေးက လေကြာင်းတိုက်ခိုက်မှု။ (ဒီဇင်ဘာ ၂၊ ၂၀၂၃)

ဂါဇာတောင်ပိုင်းက ပါလက်စတိုင်းတွေကို စွန့်ခွါနေရာပြောင်းကြဖို့ တနင်္ဂနွေနေ့မှာ အစ္စရေးက အမိန့်အသစ် ထုတ်ပြန်လိုက်ပါတယ်။ “ရွှေ့ပြောင်းလမ်းညွှန်ချက်အတိုင်း လိုက်နာတာဟာ ခင်ဗျားတို့ လုံခြုံရေး၊ ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ မိသားဘဝတွေအတွက် စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါတယ်” လို့ အာရပ်ဘာသာစကားနဲ့ ဖေ့ဘွတ်ခ် နဲ့ X လူမှုစာမျက်နှာပေါ်မှာ အစ္စရေးက ကြေညာထားတာပါ။

အစ္စရေးရဲ့ ထိုးစစ်မလာမီ Khan Younis မြို့ရဲ့ နေရာပေါင်း ၃၄ နေရာမှာနေထိုင်နေကြတဲ့ ပါလက်စတိုင်းတွေကို မြေထဲပင်လယ်ဘက် ပိုနီးသွားတဲ့ Al-Mawasi ရှိ လူသားချင်းစာနာထောက်ထားရေးဇုံကို အစ္စရေးက ရွှေ့ခိုင်းတာဖြစ်ပါတယ်။ ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမယ့်အရေးကကာကွယ်နိုင်အောင် အစ္စရေးကဆောင်ရွက်ဖို့ အမေရိကန်သမ္မတဘိုင်ဒန်က တိုက်တွန်းလိုက်ပြီးတဲ့နောက် ခုလို အစ္စရေးရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုတိုက်ပွဲမှာ အဓိကအကျဆုံးက အရပ်သား ပြည်သူတွေဖြစ်ပါတယ်။ သူတို့ကို ရန်သူ့ရင်ခွင်ထဲရောက်အောင်လုပ်မယ်ဆိုရင် နည်းဗျူဟာအောင်ပွဲကို မဟာဗျူဟာရှုံးနိမ့်မှုနဲ့ အစားထိုးလိုက်တာဖြစ်လိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကာလီဖိုးနီးယားပြည်နယ် Reagan National Defense Forum မှာ သတိပေးလိုက်ပါတယ်။

ဓားစာခံ လွတ်မြောက်ရေးအတွက် တရားဝင် ညှိနှိုင်းဆွေးနွေးနေတာမရှိဘူးလို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အင်န်ဘီစီရုပ်မြင်သံကြားကို တနင်္ဂနွေနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG