သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရပ်သား ထိခိုက်မှုနည်းအောင် ကန်အထက်လွှတ်တော်အမတ်တွေ ဖိအားပေး

အမေရိကန်အထက်လွတ်တော် ဒီမိုကရက်တစ်အမတ် Bernie Sanders
အမေရိကန်အထက်လွတ်တော် ဒီမိုကရက်တစ်အမတ် Bernie Sanders

ပါလက်စတိုင်း အရပ်သားတွေကို ထိခိုက်စေမယ့် ခိုင်မာတိကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အစ္စရေးရဲ့အာမခံချက်ရရှိမှသာ သမ္မတဘိုင်ဒန်အစိုးရကို အစ္စရေးဆီပေးမယ့် အကူအညီချပေးမယ်လို့ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သတိပေးလိုက်ပါတယ်။

“ချိုချိုသာသာပြောရုံနဲ့ ရခဲ့ရင် ဒီနေ့ အခြေအနေမျိုးထဲကို ကျနော်တို့ ရောက်လာမှာ မဟုတ်ပါဘူး” လို့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် ဘာနီဆင်န်းဒါးက လွှတ်တော်မိန့်ခွန်းမှာ ပြောသွားပါတယ်။ အစ္စရေးရဲ့စစ်ပွဲအတွက် အမေရိကန်ဆီက ဖြည့်စွက် အကူအညီ ၁၄.၃ ဘီလီယံရရှိဖို့ အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်း အရပ်သား သေဆုံးမှု နည်းနိုင်မယ့် လုပ်ဆောင်ချက်တွေကို တိတိကျကျ ချမှတ် လိုက်နာရမယ်ဆိုတဲ့ ရပ်တည်ချက်မှာ ဘာနီဆင်န်းဒါးနဲ့ တချို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက ရပ်တည် ပြောကြားနေကြတာပါ။

‘ကျနော်တို့ရဲ့ရည်မှန်းချက်က ရလာဒ် ရရှိရေး ဖြစ်ပါတယ်။ မျှော်မှန်းချက်တွေ သတ်မှတ်ရုံမဟုတ်ပါဘူး’ လို့ မေရီလင်န်းပြည်နယ် အထက်လွှတ်တော်အမတ် ဗင်န် ဟော်လင်န်း (Van Hollen) ကလည်း ပြောပါတယ်။

ဂါဇာမှာ ပါလက်စတိုင်းအရပ်သားတွေရဲ့ဒုက္ခ သက်သာရေးလို့ အမေရိကန်ကပြောနေတာကို အစ္စရေးခေါင်းဆောင်တွေကြားဖို့သက်သက်မဟုတ်ဘဲ သဘောတူဖို့ သမ္မတဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့အပတ် နှောင်းပိုင်းကစပြီး ပထမဆုံးအကြိမ် လူသိရှင်ကြား အခိုင်အမာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG