သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ရှေ့သီတင်းပတ်ထဲ အပစ်အခတ်ရပ်စဲဖို့ သမ္မတဘိုင်ဒင် မျှော်လင့်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

နိုင်ငံအများအပြားက ကိုယ်စားလှယ်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်ကို ရှေ့သီတင်းပတ်အစောပိုင်းမှာ စနိုင်ဖို့မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးရဲ့ ပြောစကားအရ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးရဖို့ အပြီးသတ် မဟုတ်သေးပေမဲ့ နီးစပ်နေပါပြီ။ လာမယ့် တနင်္လာနေ့မှာ အပစ်အခတ် ရပ်စဲရေးရဖို့ မျှော်လင့်ပါတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နယူးယောက်မြို့ ခရီးစဉ်အတွင်း ဂါဇာအရေး သတင်းထောက်တွေမေးမြန်းချိန်မှာ ဖြေကြားခဲ့တာပါ။

သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ စေ့စပ်ညှိနှိုင်းသူတွေက ကြိုးပမ်းနေကြတာပါ။ ဒီ သဘောတူညီချက်မှာ ဂါဇာမှာရှိတဲ့ ဟာမတ်စ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေးအပြင် အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးရေး စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သယ်ဆောင်လာတဲ့ ထရပ်ကား ရာနဲ့ချီ နေ့စဉ်ဝင်ရောက်နိုင်ရေးကလည်း သဘောတူညီချက်ရဲ့အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာနိုင်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ယာယီအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ ဟာမတ်စ်တွေကို ချေမှုန်းရေး ပန်းတိုင်ရောက်ဖို့ အစ္စရေးရဲ့ တောင်ပိုင်းမြို့ဖြစ်တဲ့ Rafah မှာ ထိုးစစ်ဆင်မဲ့ အစီအစဉ်တွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဟားမတ်စ်လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ဂါဇာမှာ ပါလက်စတိုင်း ၃ သောင်းနီးပါး သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးများနှင့် ကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေးကတော့ ဟာမတ်စ် တိုက်ခိုက်ရေးသမား ၁၂,၀၀၀ ကို သုတ်သင်ပစ်ခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာမှာ ရှေ့သီတင်းပတ်ထဲ အပစ်အခတ်ရပ်စဲဖို့ သမ္မတဘိုင်ဒင် မျှော်လင့်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG