သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစ္စရေးကိုယ်စားလှယ်တွေ ကာတာနိုင်ငံ စေလွှတ်ဖွယ်ရှိ


ဂါဇာဒေသတွင်းရှိ ပျက်ဆီးနေသော အဆောက်အဦးအောက် သွားလာနေတဲ့ ပါလက်စတိုင်း ကလေးငယ်တဦး (ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၅။ ဓါတ်ပုံ AFP)
ဂါဇာဒေသတွင်းရှိ ပျက်ဆီးနေသော အဆောက်အဦးအောက် သွားလာနေတဲ့ ပါလက်စတိုင်း ကလေးငယ်တဦး (ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၅။ ဓါတ်ပုံ AFP)

အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ် ရပ်စဲရေးနဲ့ ဂါဇာဒေသမှာ ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၃၀ လောက် လွတ်မြောက်ရေး ဆက်လက်ဆွေးနွေးနိုင်အောင် စေ့စပ်ညှိနှိုင်းသူတွေ ကာတာနိုင်ငံကို စေလွှတ်ဖို့ အစ္စရေးအစိုးရဲ့ အရေးပေါ် စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့က မနေ့ကပဲ လက်ခံလိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံ သတင်းတွေက ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတုန်းက ယာယီအပစ်အခတ်ရပ်စဲခဲ့ပြီး ဟာမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံ အများအပြား ပြန်လွတ်လာအောင် ကြားဝင် စေ့စပ်ပေးခဲ့ကြတဲ့ ကာတာ၊ အီဂျစ်နဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ သောကြာနေ့က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အစ္စရေးကိုယ်စားလှယ်တွေကတော့ စနေနေ့မှာပဲ ပြန်လာခဲ့ကြတာပါ။

ပါရီမြို့တော်မှာ ညှိနှိုင်းခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စနေနေ့မှာပဲ အစ္စရေး စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့ကို တင်ပြခဲ့ကြောင်း အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Tzachi Hanegbi က ပြောပါတယ်။ အောက်တိုဘာလ ၇ ရက် ဟာမတ်စ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးသွားတဲ့ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသမီးတွေကို အရင်ဆုံးလွှတ်ပေးဖို့ အစ္စရေးက လိုလားကြောင်း အမျိုးသားလုံခြုံရေးအကြံပေးက ပြောပေမဲ့၊ ဒါဟာ စစ်ကိုအဆုံးသတ်မယ့် သဘောမျိုး မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်အတွက် အမေရိကန်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတို့ ညှိနှိုင်းမှုကို လက်ခံမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

Forum

XS
SM
MD
LG