သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲအလွန် ဂါဇာ ရှေ့ရေးအစီအစဉ် အစ္စရေးဝန်ကြီးချုပ် တင်ပြ


 အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

စစ်ပွဲလွန် ဂါဇာဒေသအတွက် ရှေ့ရေးအစီအစဉ်တွေကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ကို အဆိုပြုတင်ပြခဲ့ပါတယ်။ သူတင်ပြတဲ့ အစီအစဉ်တွေကို Times of Israel သတင်းစာထဲမှာ ဖော်ပြထားတာမှာတော့ စစ်ပွဲတွေပြီးသွားရင် ဂါဇာကို Hamas အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပါလက်စတိုင်းတာဝန်ရှိသူ၊ Hamas အဖွဲ့ကို ထောက်ပံ့ထားတဲ့နိုင်ငံခြားသားတွေ မပါတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်ရမယ်လို့ ပြောထားပါတယ်။

အကြမ်းဖက်မှုကို အားပေးတဲ့ နိုင်ငံအဖွဲ့အစည်းတွေနဲ့ လုံးဝပတ်သက်မှု မရှိဘဲ၊ အုပ်ချုပ်ရေးအတွေ့အကြုံရှိတဲ့ ဒေသခံတာဝန်ရှိသူတွေက ဂါဇာကို အုပ်ချုပ်ရမယ်လို့ ဆိုထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသထဲမှာ Hamas အဖွဲ့နဲ့ အစ္စလာမ်မစ် ဂျီဟဒ်လှုပ်ရှားသူတွေ လုံးဝ မရှိတော့မချင်း၊ ဖမ်းဆီးခံထားရတဲ့ ဓါးစားခံတွေအားလုံး ပြန်မလွတ်လာမချင်း အစ္စရေးစစ်တပ်က တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ပွဲတွေ ပြီးသွားရင်တောင် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မဖြစ်လာအောင် အစ္စရေးစစ်တပ်အနေနဲ့ ဂါဇာဒေသထဲမှာ အကန့်အသတ်မရှိ လွတ်လပ်စွာ လှုပ်ရှားမယ်လို့လည်း အစီအစဉ်ထဲမှာ ထည့်ထားပါတယ်။

ဂါဇာမှာအကူအညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီဖြစ်တဲ့ UNRWA ကိုလည်းဖျက်သိမ်းမယ်လို့ ဒီအစီအစဉ်ထဲမှာ ပြောထားပါတယ်။ UNRWA ဝန်ထမ်းတချို့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲခဲ့သလို ကုလသမဂ္ဂလည်း ဝန်ထမ်းတချို့တချို့ကို အလုပ်ဖြုတ်ခဲ့ပါတယ်။ အခုလို ဂါဇာအနာဂါတ်အစီအစဉ်တွေကို အစ္စရေးဝန်ကြီးက အဆိုပြုခဲ့ချိန်မှာပဲ လူသားချင်းစာနာမှုအကူအညီတွေပိုပေးနိုင်ဖို့ ယာယီအပစ်အခတ်ရပ်ရေး သံတမန်ရေးအရ ကြိုးပမ်းမှုတွေလည်း အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG