သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းနိုင်ငံအသိအမှတ်ပြုဖို့တောင်းဆိုမှု အစ္စရေးပယ်ချ


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ပါလက်စတိုင်းကို နိုင်ငံတော်အဖြစ်အသိအမှတ်ပြုရေး အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့တောင်းဆိုချက်ကို အစ္စရေးလ်က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီသဘောတူညီမှုမျိုးကို စေ့စပ်ညှိနှိုင်းမှုနဲ့သာ ရနိုင်မယ်လို့လည်း ပြောပါတယ်။ ပါလက်စတိုင်းနိုင်ငံတော်အဖြစ် သတ်မှတ်ရေးနဲ့ပတ်သက်တဲ့ သူ့အစိုးရအဖွဲ့က တခဲနက်ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တင်ပြခဲ့တာပါ။

ပါလက်စတိုင်းတို့နဲ့ နိုင်ငံတကာရဲ့အဲဒီသဘောတူညီချက်ကို အစ္စရေးလ်ဘက်က ပြတ်ပြတ်သားသား ပယ်ချတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးလ်နိုင်ငံရဲ့ တဘက်တချက်မှာရှိတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသကို လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ်သတ်မှတ်ရေး ကြိုးပမ်းမှုတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေခဲ့တာပါ။ ဒါပေမယ့်လည်း ဂါဇာဒေသမှာ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့စစ်ပွဲဟာ ၅ လထဲ ရောက်လာနေပြီဖြစ်တဲ့အတွက် အမေရိကန်နဲ့ အခြားနိုင်ငံတွေက တိုက်ပွဲတွေအဆုံးသတ်ဖို့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ထပ်ပြီးတောင်းဆိုလာကြတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဆော်ဒီအာရေးဗီးယားနဲ့ အရှေ့အလယ်ပိုင်းက တခြားအာရပ်နိုင်ငံတွေအပါအဝင် အစ္စရေးလ်နဲ့ပိုကျယ်ပြန့်တဲ့ ပုံမှန်သံတမန်ဆက်ဆံရေးရလာစေမယ့် သဘောတူညီချက်တရပ်ရအောင် ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG