သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို ထပ်တိုး အရေးယူဒဏ်ခတ်ဖို့ ကန်သမ္မတ စဉ်းစားနေ


အမေရိကန်သမ္မတ Joe Biden က အကျဥ်းကျခံနေစဥ်သေဆုံးသွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny နဲ့ပတ်သက်လို့ အိမ်ဖြူတော်ကနေ မှတ်ချက်စကားပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden က အကျဥ်းကျခံနေစဥ်သေဆုံးသွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny နဲ့ပတ်သက်လို့ အိမ်ဖြူတော်ကနေ မှတ်ချက်စကားပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)

ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အကျဥ်းထောင်ထဲမှာ သေဆုံးသွားခဲ့ပြီးတဲ့နောက် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေထပ်မံချမှတ်ဖို့ စဥ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြောပါတယ်။

ကနဦး ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေရှိထားပေမယ့် ပိတ်ဆို့ ဒဏ်ခတ်မှုတွေထပ်မံချမှတ်ဖို့ စဥ်းစားနေပါတယ်လို့ သမ္မတဘိုင်ဒန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။​ Navalny သေဆုံးမှုအတွက် ရုရှားသမ္မတ ဗလာဒီမီယာပူတင်မှာ တာဝန်ရှိတယ်လို့ သမ္မတဘိုင်ဒန်က ပြောဆိုထားတာပါ။ နိုင်ငံတကာလုံခြုံရေးအကူအညီအဖြစ် ယူကရိန်း၊ တိုင်ဝမ်နဲ့ အစ္စရေးလ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ကူညီနိုင်ရေး သမ္မတဘိုင်ဒန် ကြိုးပမ်းမှုတွေကို ရီပတ်ဘလစ်ကန်အမတ်အတော်များများ ဆန့်ကျင်ကန့်ကွက်ထားနေကြချိန်မှာပဲ Navalny သေဆုံးခဲ့ရတာပါ။

ပါတီနှစ်ရပ်စလုံးရဲ့ထောက်ခံမှုအရ ဒီမိုကရက်တို့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ကြပေမယ့်လည်း အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် Mike Johnson က အသုံးစရိတ်မူကြမ်းကို အောက်လွှတ်တော်မှာ မဲပေးအတည်ပြုနိုင်ရေး ဆောင်ရွက်တာမျိုးမရှိတဲ့အတွက် နှောင့်နှေးကြန့်ကြာနေတာဖြစ်ပါတယ်။

သမ္မတဟောင်း Donald Trump က ခုလို အကူအညီထပ်ပြီးပေးမှာကို ဆန့်ကျင်ကန့်ကွက်ထားတာလည်း အကြောင်းရင်းတခုဖြစ်ပါတယ်။

ရုရှားကို ထပ်တိုး အရေးယူဒဏ်ခတ်ဖို့ ကန်သမ္မတ စဉ်းစားနေ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG