သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် စပိန်အကူအညီသင်္ဘော ဆိုက်ပရပ်စ်က ထွက်ခွာ


ဂါဇာက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေတင်ဆောင်ထားတဲ့ Proactiva Open Arms (POA) အဖွဲ့ပိုင် ဝမ်းပြားရေယာဥ် ဆိုက်ပရပ်စ်ဆိပ်ကမ်းမှာ တွေ့ရစဥ် ။ (မတ်လ ၁၂၊ ၂၀၂၄/ ဓာတ်ပဒ့ POA)
ဂါဇာက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေတင်ဆောင်ထားတဲ့ Proactiva Open Arms (POA) အဖွဲ့ပိုင် ဝမ်းပြားရေယာဥ် ဆိုက်ပရပ်စ်ဆိပ်ကမ်းမှာ တွေ့ရစဥ် ။ (မတ်လ ၁၂၊ ၂၀၂၄/ ဓာတ်ပဒ့ POA)

လူသားချင်း စာနာထောက်ထားရေး စားစရာ တန်ချိန် ၂၀၀ တင်သွားတဲ့ စပိန်အလှူသင်္ဘောဟာ ဆိုက်ပရပ်စ်ကနေ ဂါဇာကို အင်္ဂါနေ့က ထွက်ခွါသွားခဲ့ပါပြီ။ အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေကြားတိုက်ပွဲတွေကြောင့် စားစရာပြတ်နေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည် သောင်းပေါင်းများစွာအတွက် ဒါဟာ နောက်ဆုံး အားထုတ်ချက်ဖြစ်ပါတယ်။

ဒီ စားနပ်ရိက္ခာတွေကို ကမ္ဘာ့ဗဟို မီးဖိုခန်းလို့ အဓိပ္ပါယ်ရနိုင်တဲ့ World Central Kitchen WCK က အလှူခံစုဆောင်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ထူထောင်သူ လူသိများထင်ရှားတဲ့ အချက်အပြုတ်ဆရာ Jose Andres လည်း ဝမ်းပြားရေယာဥ် ပေါ်မှာ လိုက်ပါလာပါတယ်။ လှေနဲ့ ဆွဲထားတဲ့ ဝမ်းပြားရေယာဥ်ကိုတော့ စပိန် အကူအညီပေးရေးအဖွဲ့ "ဖွင့်ထားတဲ့လက်များ" Open Arms အဖွဲ့က ပိုင်တာပါ။

ဒီခရီးက ၂ ရက်ကနေ ၃ ရက်အထိကြာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒုတိယ သင်္ဘောပေါ်ကိုလည်း အကူအညီပစ္စည်းတွေ တင်နေပြီလို့ ဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီး Constantinos Kombos ကပြောပါတယ်။ စီစဥ်ထားတဲ့အတိုင်း ဖြစ်သွားရင် အကူအညီတွေ ပိုပြီးပို့မယ်လို့ သူက ဆိုပါတယ်။ ဂါဇာကမ်းခြေမှာ ယာယီဆိပ်ကမ်းတခုတည်ဆောက်ဖို့ အမေရိကန်က သင်္ဘောတစင်း စေလွှတ်ထားပေမဲ့ တည်ဆောက်ရေးက ၂ လ ကြာမယ်လို့ ပြောပါတယ်။

ခုလို စားစရာတွေပို့ပေးတာက အောင်မြင်မယ်လို့ သေချာပေါက် မပြောနိုင်ပေမဲ့ မကြိုးပမ်းတာက အကြီးမားဆုံး ကျဆုံးမှုဖြစ်ပါတယ်လို့ WCK အဖွဲ့ ထူထောင်သူ အင်ဒရေက ပြောပါတယ်။

ဂါဇာအတွက် စပိန်အကူအညီသင်္ဘော ဆိုက်ပရပ်စ်က ထွက်ခွာ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG