သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ EU အကြီးအကဲ ယူကရိန်းနဲ့ဂါဇာအရေး ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken (ဝဲ-ဒု) က EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Borrell (ယာ-ထိပ်) နဲ့ ဝါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံစဥ်။ (မတ်လ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken (ဝဲ-ဒု) က EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Borrell (ယာ-ထိပ်) နဲ့ ဝါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံစဥ်။ (မတ်လ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘိုရဲလ် (Josep Borrell) တို့ဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံခဲ့ရာမှာ ယူကရိန်းနဲ့ ဂါဇာကအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းရာမှာ ယူကရိန်းစစ်ပွဲနဲ့ ဟာမတ်စ်နဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းက ထိပ်တန်းစိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

"မျက်မှောက်ခေတ်မှာ ရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့အတွက် ဥရောပသမဂ္ဂဟာ ပထမ မိတ်ဖက် ဖြစ်တယ်" လို့ ဘလင်ကန်က ပြောပါတယ်။

"လက်ရှိ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေက ကျနော်တို့ရဲ့ လုံခြုံရေးအတွက် ခွဲခြားနေလို့မရဘဲ အမေရိကန်နဲ့ အီးယူနိုင်ငံတွေအနေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်း သက်သေပြနေတယ်" လို့ ဘိုရဲလ်က ပြောပါတယ်။ "ကမ္ဘာကြီးဟာ ပိုပြီးတော့ အမိုက်မှောင်ထဲ ကျရောက်လာနေပြီး ယူကရိန်းအရေးဟာဆိုရင်လည်း ဥရောပသားတွေအတွက် အကြီးမားဆုံးနဲ့ လက်ငင်း စိုးရိမ်စရာအခြေအနေဖြစ်နေသလို အမေရိကန်အတွက်လည်း အရေးပါတဲ့ ဘုံမျှဝေတည်ရှိနေတဲ့ လုံခြုံရေးအခြေအနေဖြစ်ပြီး ရုရှားရဲ့ရန်လိုမှုတွေက ရပ်တန့်နေမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

“ဂါဇာအရေးမှာဆိုရင်လည်း အမေရိကန်အနေနဲ့ လေထီးတွေသုံးပြီး ဂါဇာလူထုအတွက် အကူအညီချပေးတာက ကောင်းပေမယ့် မလုံလောက်သေးကြောင်း ဘိုရဲလ်က ပြောခဲ့ပြီး ကုန်းလမ်းကြောင်းကတဆင့် အကူအညီတွေ အလုံအလောက်ဝင်ခွင့်ရရေး တောင်းဆိုပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အီးယူ နှစ်ခုလုံးက ထောက်ခံပေးပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ပြည်ထောင် ရပ်တည်နိုင်ရေး စတင်ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေကြောင်းလည်း ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဘိုရဲလ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG