(Zawgyi / Unicode)
အီရန္ ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္ျပန္ရဖို႔ နီးစပ္ေနၿပီလို႔ ဥေရာပသမဂၢ (EU) ႏိုင္ငံျခားေရးမူဝါဒဆုိင္ရာ အႀကီးအကဲ Josep Borrell က စေနေန႔မွာ ေျပာလိုက္ပါတယ္။
“ေနာက္ဆုံးသေဘာတူညီခ်က္ ရေတာ့မယ္လုိ႔ေတာ့ က်ေနာ္မေျပာႏုိင္ပါဘူး။ ဒါေပမယ့္ အေတာ္နီးစပ္ေနပါၿပီ။” လုိ႔ ကာတာႏုိင္ငံ ဒုိဟာၿမိဳ႕မွာ က်င္းပေနတဲ့ ႏုိင္ငံတကာ ညီလာခံကုိ ေရာက္ရွိေနစဥ္ Josep Borrell ေျပာဆုိခဲ့တာပါ။
အီရန္ ႏ်ဴကလီးယားအေရး ၂၀၁၅ ခုႏွစ္ သေဘာတူစာခ်ဳပ္ကို ျပန္အသက္သြင္းေရး အီရန္နဲ႔ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြၾကား ေဆြးေႏြးေနၾကတာပါ။ အီရန္ဘက္က ႏ်ဴကလီးယား အစီအစဥ္ေတြကုိ ရပ္ဆုိင္းမယ္ဆုိရင္ သူ႔အေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြကုိ ႐ုပ္သိမ္းေပးမယ္ဆုိတဲ့ အခ်က္မ်ိဳးေတြ ပါဝင္ပါတယ္။
အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲေတြဟာ သေဘာတူညီခ်က္ရဖို႔ အေတာ္ေလး နီးစပ္လာခ်ိန္မွာ ႐ုရွားက ေတာင္းဆိုမႈေတြ လုပ္ခဲ့တာေၾကာင့္ တုံ႔ဆိုင္းသြားခဲ့တာပါ။
ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တဲ့အတြက္ အေမရိကန္က ႐ုရွားေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြဟာ အီရန္နဲ႔ ႐ုရွားၾကား ကုန္သြယ္ေရးအေပၚ သက္ေရာက္မႈ မရွိေစရဘူးလို႔ ႐ုရွားဘက္က ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။
ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲမွာ EU ဘက္က လုပ္ငန္းညႇိႏႈိင္းေရးမႉး Enrique Mora ကလည္း အီရန္ ေစ့စပ္ညႇိႏႈိင္းေရးမွဴးခ်ဳပ္နဲ႔ ေဆြးေႏြးဖို႔ တီဟီရန္ၿမိဳ႕ေတာ္ကို သြားမယ္လို႔ ေသာၾကာေန႔က ေျပာခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုကသာ လက္ေတြ႔က်က် လုပ္မယ္ဆိုရင္ ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္တခု ေရတိုကာလအတြင္း ရလာႏိုင္တယ္လို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး Hossein Amirabdollahian က ဒီသီတင္းပတ္အတြင္း ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ဒီညႇိႏႈိင္းေဆြးေႏြးမႈမွာ အေမရိကန္ တာဝန္ရွိသူေတြက သတိႀကီးႀကီးနဲ႔ လုပ္ေဆာင္ေနၾကပါတယ္။
----------------------------
(Unicode)
အီရန်နျူကလီးယားအရေး မကြာခင် သဘောတူညီချက် ရနိုင်ကြောင်း EU ခန့်မှန်း
အီရန် နျူကလီးယားအရေး သဘောတူညီချက်ပြန်ရဖို့ နီးစပ်နေပြီလို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က စနေနေ့မှာ ပြောလိုက်ပါတယ်။
“နောက်ဆုံးသဘောတူညီချက် ရတော့မယ်လို့တော့ ကျနော်မပြောနိုင်ပါဘူး။ ဒါပေမယ့် အတော်နီးစပ်နေပါပြီ။” လို့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံကို ရောက်ရှိနေစဉ် Josep Borrell ပြောဆိုခဲ့တာပါ။
အီရန် နျူကလီးယားအရေး ၂၀၁၅ ခုနှစ် သဘောတူစာချုပ်ကို ပြန်အသက်သွင်းရေး အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ဆွေးနွေးနေကြတာပါ။ အီရန်ဘက်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းမယ်ဆိုရင် သူ့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမယ်ဆိုတဲ့ အချက်မျိုးတွေ ပါဝင်ပါတယ်။
အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲတွေဟာ သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်လာချိန်မှာ ရုရှားက တောင်းဆိုမှုတွေ လုပ်ခဲ့တာကြောင့် တုံ့ဆိုင်းသွားခဲ့တာပါ။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် အမေရိကန်က ရုရှားပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ အီရန်နဲ့ ရုရှားကြား ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိစေရဘူးလို့ ရုရှားဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
နျူကလီးယားအရေး ဆွေးနွေးပွဲမှာ EU ဘက်က လုပ်ငန်းညှိနှိုင်းရေးမှူး Enrique Mora ကလည်း အီရန် စေ့စပ်ညှိနှိုင်းရေးမှူးချုပ်နဲ့ ဆွေးနွေးဖို့ တီဟီရန်မြို့တော်ကို သွားမယ်လို့ သောကြာနေ့က ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကသာ လက်တွေ့ကျကျ လုပ်မယ်ဆိုရင် နျူကလီးယားအရေး သဘောတူညီချက်တခု ရေတိုကာလအတွင်း ရလာနိုင်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian က ဒီသီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီညှိနှိုင်းဆွေးနွေးမှုမှာ အမေရိကန် တာဝန်ရှိသူတွေက သတိကြီးကြီးနဲ့ လုပ်ဆောင်နေကြပါတယ်။