သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲ ပ်က္ျပယ္


EU ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell. (

(Zawgyi / Unicode)

အီရန္ ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္ကို ျပန္ၿပီးအသက္သြင္းဖို႔ ႀကိဳးစားၾကတာမွာ ေသာၾကာေန႔က ေနာက္ဆုံးအဆင့္ ၿပီးဆုံးခါနီးအခ်ိန္ေရာက္မွ ယူကရိန္းပဋိပကၡနဲ႔ ဆက္စပ္တဲ့ ေတာင္းဆိုခ်က္ေတြကို ႐ုရွားက တင္လာတဲ့အတြက္ ပ်က္လုနီး ျဖစ္သြားပါတယ္။

အဲဒီေနာက္ ေစ့စပ္ညႇိႏႈိင္းမႈေတြကို ဆိုင္းငံ့ထားမယ့္အေၾကာင္း ဥေရာပသမဂၢ (EU) က ေၾကညာပါတယ္။

သေဘာတူညီခ်က္ ေနာက္ဆုံးမူၾကမ္းေပၚ ေဆြးေႏြးညႇိႏႈိင္းဖို႔ အဆင္သင့္ ျဖစ္ေနခဲ့ေပမယ့္လည္း ျပင္ပအေၾကာင္းရပ္ေတြေၾကာင့္ ဆိုင္းငံ့ထားလိုက္ရတာ ျဖစ္တယ္လို႔ EU ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က Twitter မွာ ေရးပါတယ္။

အခု ေစ့စပ္ညႇိႏႈိင္းပြဲေတြကို ၾသစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕မွာ ႏိုဝင္ဘာလ ေႏွာင္းပိုင္းက စလုပ္ခဲ့တာျဖစ္ၿပီး ၿဗိတိန္၊ တ႐ုတ္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီရန္နဲ႔ ႐ုရွားတို႔ ပါဝင္ေဆြးေႏြးေနပါတယ္။ အေမရိကန္ကေတာ့ တိုက္႐ိုက္မဟုတ္ဘဲ တဆင့္ခံ ပါဝင္ေဆြးေႏြးတာပါ။

၂၀၁၅ ခုႏွစ္က သေဘာတူညီခဲ့တဲ့ အီရန္ ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္ JCPOA ကို ျပန္အသက္သြင္းေရး ရည္မွန္းခ်က္ ေပါက္ေျမာက္ဖို႔ တိုးတက္မႈ အေတာ္ေလး ရထားၿပီးခါမွ ေစ့စပ္ညႇိႏႈိင္းမႈကို ဆိုင္းငံ့ခဲ့ရတာ ျဖစ္ပါတယ္။ သမၼတ Donald Trump လက္ထက္ ၂၀၁၈ ခုႏွစ္မွာ ဒီသေဘာတူညီခ်က္ကေန အေမရိကန္ ႏုတ္ထြက္ခဲ့တာေၾကာင့္ စာခ်ဳပ္က အသက္မဲ့သြားခဲ့တာပါ။

ကိုယ္စားလွယ္ေတြဟာ ေအာက္ေျခမွတ္စုေတြအေပၚ ေဆြးေႏြးညႇိႏႈိင္းတဲ့အဆင့္ ေရာက္ေနၿပီလို႔ ေစ့စပ္ေဆြးေႏြးပြဲ သဘာပတိျဖစ္သူ EU သံတမန္ Enrique Mora က သတင္းေထာက္ေတြကို ေျပာပါတယ္။

အီရန္နဲ႔ အေမရိကန္တို႔ရဲ႕ သိပ္ကို အျပဳသေဘာေဆာင္တဲ့၊ သိပ္ကို အေပါင္းလကၡဏာေဆာင္တဲ့ ခ်ဥ္းကပ္မႈေတြအေပၚ သူက အထူးသျဖင့္ ခ်ီးက်ဴး ေျပာဆိုခဲ့ၿပီး ေဆြးေႏြးပြဲ သိပ္မၾကာခင္ ျပန္စဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။

အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲ ပ်က္ျပယ္
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ ပျက်ပြယ်

အီရန် နျူကလီးယားအရေး သဘောတူညီချက်ကို ပြန်ပြီးအသက်သွင်းဖို့ ကြိုးစားကြတာမှာ သောကြာနေ့က နောက်ဆုံးအဆင့် ပြီးဆုံးခါနီးအချိန်ရောက်မှ ယူကရိန်းပဋိပက္ခနဲ့ ဆက်စပ်တဲ့ တောင်းဆိုချက်တွေကို ရုရှားက တင်လာတဲ့အတွက် ပျက်လုနီး ဖြစ်သွားပါတယ်။

အဲဒီနောက် စေ့စပ်ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားမယ့်အကြောင်း ဥရောပသမဂ္ဂ (EU) က ကြေညာပါတယ်။

သဘောတူညီချက် နောက်ဆုံးမူကြမ်းပေါ် ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့် ဖြစ်နေခဲ့ပေမယ့်လည်း ပြင်ပအကြောင်းရပ်တွေကြောင့် ဆိုင်းငံ့ထားလိုက်ရတာ ဖြစ်တယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က Twitter မှာ ရေးပါတယ်။

အခု စေ့စပ်ညှိနှိုင်းပွဲတွေကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ နိုဝင်ဘာလ နှောင်းပိုင်းက စလုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီရန်နဲ့ ရုရှားတို့ ပါဝင်ဆွေးနွေးနေပါတယ်။ အမေရိကန်ကတော့ တိုက်ရိုက်မဟုတ်ဘဲ တဆင့်ခံ ပါဝင်ဆွေးနွေးတာပါ။

၂၀၁၅ ခုနှစ်က သဘောတူညီခဲ့တဲ့ အီရန် နျူကလီးယားအရေး သဘောတူညီချက် JCPOA ကို ပြန်အသက်သွင်းရေး ရည်မှန်းချက် ပေါက်မြောက်ဖို့ တိုးတက်မှု အတော်လေး ရထားပြီးခါမှ စေ့စပ်ညှိနှိုင်းမှုကို ဆိုင်းငံ့ခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ်မှာ ဒီသဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ခဲ့တာကြောင့် စာချုပ်က အသက်မဲ့သွားခဲ့တာပါ။

ကိုယ်စားလှယ်တွေဟာ အောက်ခြေမှတ်စုတွေအပေါ် ဆွေးနွေးညှိနှိုင်းတဲ့အဆင့် ရောက်နေပြီလို့ စေ့စပ်ဆွေးနွေးပွဲ သဘာပတိဖြစ်သူ EU သံတမန် Enrique Mora က သတင်းထောက်တွေကို ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ရဲ့ သိပ်ကို အပြုသဘောဆောင်တဲ့၊ သိပ်ကို အပေါင်းလက္ခဏာဆောင်တဲ့ ချဉ်းကပ်မှုတွေအပေါ် သူက အထူးသဖြင့် ချီးကျူး ပြောဆိုခဲ့ပြီး ဆွေးနွေးပွဲ သိပ်မကြာခင် ပြန်စဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

XS
SM
MD
LG