သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းတုသတင်းမှားတွေရဲ့အန္တရာယ် ကန်နိုင်ငံခြားရေးဝန်ကြီးသတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် ဒီမိုကရေစီထိပ်သီးစည်းဝေးပွဲမှာ မိန့်ခွန်းပြောကြားစဥ်။ (မတ်လ ၁၈၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် ဒီမိုကရေစီထိပ်သီးစည်းဝေးပွဲမှာ မိန့်ခွန်းပြောကြားစဥ်။ (မတ်လ ၁၈၊ ၂၀၂၄)

ကမ္ဘာ့နိုင်ငံတဝက်ကျော်မှာ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေကျင်းပဖို့ရှိနေချိန် လူမှုကွန်ယက်တွေ၊ ဉာဏ်ရည်တုနည်းပညာတွေအပါအဝင် နည်းပညာသစ်တွေကြောင့် သတင်းတုသတင်းမှားတွေရဲ့ ခြိမ်းခြောက်မှုတွေ မကြုံစဖူးတိုးလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ဒီမိုကရေစီထိပ်သီးအစည်းအဝေးမှာ ဝန်ကြီး Blinken က တနင်္လာနေ့မှာ အဲဒီလိုပြောဆိုခဲ့တာပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ သတင်းလောကဟာ အဲဒီနည်းပညာတွေကြောင့် ပိုပြီးအရှိန်မြင့်လာသလို သတင်းတု သတင်းမှားတွေလည်းတိုးလာတဲ့အတွက် ဘေးပတ်ဝန်းကျင်က အဖြစ်အပျက်တွေအပေါ် လူထုရဲ့ အမြင်တွေ ပိုမိုရှုပ်ထွေးသွားစေတယ်လို့လည်း ပြောပါတယ်။ ကိုဗစ် 19 ကပ်ရောဂါကာလအတွင်း သတင်းမှားတွေကြောင့် လူပေါင်းသန်းနဲ့ချီ ကာကွယ်ဆေးမထိုးခဲ့ကြတဲ့အတွက် တခါတလေ လူ့အသက်တွေဆုံးရှုံးခဲ့ရတာကိုလည်း ဝန်ကြီးဘလင်ကန်က ထည့်သွင်းပြောကြားသွားပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုရင်လည်း သတင်းမှားတွေကြောင့် ဆောင်ရွက်ရမယ့်ကိစ္စတွေ နှောင့်နှေးခဲ့ရတာကိုလည်း နောက်ထပ်သာဓတခုအဖြစ် ထည့်သွင်းပြောဆိုသွားပါတယ်​။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၄ ခုနှစ်ဟာ ထူးခြားတဲ့ ရွေးကောက်ပွဲနှစ်တနှစ်ဖြစ်ပြီး နိုင်ငံသားတွေရော ကိုယ်စားလှယ်လောင်းတွေကြားမှာပါ အခြေအတင်အငြင်းပွားစရာတွေဖြစ်လာစေမယ့် သတင်းတု၊ သတင်းမှားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဝန်ကြီး ဘလင်ကန်က သတိပေးပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG