သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒီမိုကရေစီ အားနည်းချက်မကင်း - သမ္မတဘိုင်ဒန်


အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အွန်လိုင်း ဒီမိုကရေစီမြှင့်တင်ရေးထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ်။ (ဒီဇင်ဘာ ၉ ၊ ၂၀၂၁)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အွန်လိုင်း ဒီမိုကရေစီမြှင့်တင်ရေးထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ်။ (ဒီဇင်ဘာ ၉ ၊ ၂၀၂၁)


{{Zawgyi/Unicode}}

အမေရိကန်သမ္မတ Joe Biden အနေနဲ့ ဒီမိုကရေစီမြှင့်တင်ရေး ထိပ်သီးစည်းဝေးပွဲ ဦးဆောင်ကျင်းပနေချိန် အမေရိကန်ဒီမိုကရေစီမှာလည်း အားနည်းချက်မကင်းပါဘူးလို့ ကြာသပတေးနေ့အဖွင့်မိန့်ခွန်းထဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

“အမေရိကန် ဒီမိုကရေစီဟာလည်း ဆက်လက် ရုန်းကန်နေရဆဲပါ။ကျနော်တို့ရဲ့ အမြင့်မားဆုံးရည်မှန်းချက်ဖြစ်တဲ့ ကျနော်တို့ကြား ကွဲပြားမှုတွေကို ပြန်သက်သာကျေလည်စေရေး လက်တွေ့အထမြောက်နိုင်ဖို့ပါ။ ကျနော်တို့တိုင်းပြည် စထူထောင်တုန်းက အခုလို ရည်ရွယ်ခဲ့တာကို ပြန် သက်ဝင်ယုံကြည်နိုင်ဖို့လိုပါတယ်။ ဒါကို ကျနော်တို့ရဲ့ လွတ်လပ်ရေးကြေညာစာတမ်းထဲမှာ အတိအကျဖော်ပြထားပါတယ်။ ဒါက တခြားနိုင်ငံတွေမှာရှိခဲ့တဲ့ တန်ဖိုးတွေနဲ့ ကွဲပြားမှာတော့ မဟုတ်ပါဘူး” လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတွေ လက်တွေ့ကောင်းကျိုးရလဒ် ဖော်ဆောင်နိုင်ရေးနဲ့ အာဏာရှင်စနစ်ပြန်ခေါင်းထောင်လာမှုကာကွယ်ရေး ဆွေးနွေးဖို့၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ က ခေါင်းဆောင်တွေ၊ အရပ်ဘက်နဲ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်တွေ စုပေါင်းတက်ရောက်နေတဲ့ နှစ်ရက်ကြာ ဒီမိုကရေစီထိပ်သီးညီလာခံကို မနေ့ကစပြီး ကျင်းပနေတာပါ။

ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး ရှုံးနိမ့်တဲ့ဘက်က ထောက်ခံသူတွေ အမေရိကန်လွှတ်တော်တွင်းကို ရုန်းရင်းဆန်ခတ် ဝင်ရောက်တဲ့အထိ အကွဲအပြဲတွေကြုံခဲ့ရအပြီး အခုတော့ သမ္မတ Biden အနေနဲ့ ကမ္ဘာမှာပါ ဒီမိုကရေစီအားကောင်းဖို့၊ ရွေးကောက်ပွဲသမာသမတ်ရှိရေးနဲ့ သတင်းမီဒီယာလွတ်လပ်မှု မြှင့်တင်ဖို့ အရေးပါပုံကိုလည်း နိဂုံးချုပ်မိန့်ခွန်းမှာပြောဖို့ရှိနေတယ်လို့ အိမ်ဖြူတော်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် သုံးနိုင်ငံသာ အဖိတ်ခံရတဲ့ ဒီထိပ်သီးစည်းဝေးပွဲမှာ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden ကလည်း ဒီမိုကရေစီစနစ်နဲ့ အောင်မြင်မူတွေက ပြိုကွဲလွယ်တာမို့ မူဘောင်အဖွဲ့ အစည်းတွေခိုင်မာဖို့၊ အစိုးရနဲ့ပြည်သူချိတ်ဆက်တဲ့အာမခံချက်တွေရှိဖို့၊ လူမူစီးပွားပြဿနာတွေဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။

အခု ဒီမိုကရေစီထိပ်သီးပွဲရဲ့ ကဏ္ဍခွဲ လူ့အခွင့်အရေးနဲ့ သတင်းမီဒီယာ ဆွေးနွေးပွဲမှာတော့ Myanmar Now သတင်းဌာန ပူးတွဲထူထောင်သူနဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းလည်း တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}









XS
SM
MD
LG