သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ကမ္ဘာ့ဒီမိုကရေစီဆွေးနွေးပွဲ သမ္မတဘိုင်ဒန် တက်ရောက် မိန့်ခွန်းပြော


အွန်လိုင် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲဦးဆောင်ကျင်းပပေးနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (၁၂-၀၉ -၂၀၂၁)
အွန်လိုင် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲဦးဆောင်ကျင်းပပေးနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (၁၂-၀၉ -၂၀၂၁)

{{Zawgyi/Unicode}}

အမေရိကန်သမ္မတ Joe Biden အနေနဲ့ ဒီနေ့စ ဦးဆောင်ကျင်းပပေးလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲမှာ ဒီမိုကရေစီအရေး ဦးဆောင်ချန်ပီယံလိုနေတယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့ နိုင်ငံအစိုးရတွေ၊ အရပ်ဘက်အဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်တက်ရောက်ပြီး အင်တာနက်ကတဆင့် ဒီနေ့မနက်စလိုက်တဲ့ အခုထိပ်သီးပွဲမှာ သမ္မတ Biden က အခုလိုပြောလိုက်ပါတယ်။

“ဒီမိုကရေစီအပေါ်ခြိမ်းခြောက်မူတွေ ဆက်တိုက် ပြင်းထန်လာနေချိန်မှာ လူတိုင်းရသင့်တဲ့ လူ့အခွင့်အရေးတွေနဲ့ ကမ္ဘာတဝှမ်းမှာလည်း ဦးဆောင်ကာကွယ်ပေးမယ့် ချန်ပီယံလိုနေပါတယ်။ အခုထိပ်သီးပွဲကို ကျင်းပပေးချင်တာက အားလုံးလိုပဲ အမေရိကန်အနေနဲ့လည်း သိထားတာက ဒီမိုကရေစီကို ဆန်းသစ်ဖို့နဲ့ ဒီမိုကရေစီအဆောက်အအုံဥပဒေတွေကို အားဖြည့်ဖို့က ဆက်တိုက်ကြိုးပမ်းမူလိုလို့ပါ” လို့အိမ်ဖြူတော်ကနေ ပြောပါတယ်။

ဒါပေမဲ့ ဒီမိုရေစီအရေး စုစည်းတဲ့ အခုထိပ်သီးပွဲကို တရုတ်နဲ့ ရုရှားတို့ဘက်ကတော့ ကန့်ကွက်ထားပါတယ်။အာဖဂန်ကနေ ဒီမိုကရေစီ အနောက်နိုင်ငံတပ်တွေ ဆုတ်ခွာအပြီးဖြစ်လာတဲ့ ဒီထိပ်သီးပွဲကို ဥရောပသမဂ္ဂအဖွဲ့ဝင် ဟန်ဂေရီ တနိုင်ငံကတော့ တက်ဖို့ငြင်းခဲ့ပါတယ်။

အရင် သမ္မတရွေးကောက်ပွဲကာလတုံးကလည်း ပြိုင်ဘက် Donald Trump ကိုရင် ဆိုင်ရင်း အခုထိပ်သီးပွဲဦးဆောင်လုပ်ဖို့ကတိပေးခဲ့တဲ့ သမ္မတ Biden က ဒီမိုကရေစီဆိုတာ သူ့ဟာသူဖြစ်လာမှာမဟုတ်ဘူး၊ မျိုးဆက်တွေအလိုက်ကို အားဖြည့် ဆန်းသစ်သွားရမှာပါလို့တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ဒီမိုကရေစီလွတ်လပ်မူအခွင့်အရေးတွေ ကျဆင်း လာနေခဲ့တယ်၊ ဒီမိုကရေစီနိုင်ငံပေါင်း တဝက်လောက်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် အတွင်း ဒီမိုကရေစီဆုတ်ယုတ်သွားခဲ့တယ်လို့ နိုင်ငံတကာအစီရင်ခံစာတွေကိုကိုးကားပြီး၊ ဒီအထဲ အမေရိကန်လည်း ပါတယ်လို့ဝန်ခံခဲ့ပါတယ်။

ကွန်မြူနစ် တရုတ်နိုင်ငံမှာ စီးပွားတိုးတက်မူကြီးလာနေပြီး ကမ္ဘာ ဒီမိုကရေစီ ဆုတ်ယုတ်မှုအပေါ်စိုးရိမ်ချိန် ဖြစ်လာတဲ့ ဒီ ဒီမိုကရေစီအားပေးရေးပွဲမတိုင်ခင် အမေရိကန်ဆိုင်ရာ တရုတ်နဲ့ရုရှား သံအမတ်ကြီး ၂ ဦးပေါင်းပြီး ဝေဖန်စာရေးခဲ့ရာမှာ ဒါက စစ်အေးတိုက်ပွဲရလဒ်ပါပဲလို့ ပြောခဲ့ပါတယ်။

တကယ်တော့ အခု ဒီဇင်ဘာ ၉ ရက်ကနေ ၁၀ ရက်အထိ ၂ ရက်ကြာကျင်းပမဲ့ ဒီထိပ်သီးပွဲမှာ ဒီမိုကရေစီဆန်းသစ်ရေး အစိုးရတွေအနေနဲ့ အားဖြည့်လုပ်ဆောင်ပေးရမှာနဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ အကြီးမားဆုံး ကြုံနေရတဲ့ ခြိမ်းခြောက်နေမှုတွေ ကျော်လွှားရေး စုပေါင်းလုပ်ဆောင်ကြဖို့ အဓိက ဆွေးနွေးသွားမှာပါ ခင်ဗျာ။

တိုက်ရိုက် လင့်ခ်



===========

{{Unicode}}



ကမ်ဘာ့ နိုငျငံအစိုးရတှေ၊ အရပျဘကျအဖှဲ့နဲ့ ပုဂ်ဂလိကကဏ်ဍ ကိုယျစားလှယျပေါငျး ၁၀၀ ကြောျတကျရောကျပွီး အငျတာနကျကတဆင့ျ ဒီနေ့မနကျစလိုကျတဲ့ အခုထိပျသီးပှဲမှာ သမ်မတ Biden က အခုလိုပွောလိုကျပါတယျ။








===========

XS
SM
MD
LG