Zawgyi
ဒီမိုကရေစီ ဆန်းသစ်ခိုင်မာရေး သမ္မတ Biden ပြောကြား
နိုင်ငံကတာ ဒီမိုကရေစိထိပ်သီးညီလာကို ကမကထပြုကျင်းပပေးတဲ့ အမေရိကန်နိုင်ငံမှာ ဒီမိုကရေစီဟာ အားနည်းချက်တွေရှိနေကြောင်း ကြာသပတေးနေ့က ညီလာခံဖွင့်ပွဲမှာ သမတ Joe Biden ကအသိအမှတ်ပြု ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီကိုအသစ်တဖန်ပြန်လည်ဆန်းသစ်ဖို့နဲ့ ဒီမိုကရေစီ အဆောက်အဦးတွေကိုအင်အား တောင့်တင်းခိုင်မာစေဖို့ဆိုတာ စဉ်ဆက်မပြတ်တစိုက် မတ်မတ်လုပ်နေဖို့လိုအပ်တယ်ဆိုတာကျနော်တို့သိပါတယ်။ ဒါကြောင့် ဒီ -နိုင်ငံတကာ ဒီမိုကရေစီထိပ်အသီးအစည်းအဝေးကို ကျနော့်အနေနဲ့ လက်ခံကျင်းပတာပါလို့ သမတ Joe Biden က ကြာသာပတေးနေ့မှာပြောကြားတဲ့ သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား သွားပါတယ်။
ကြာသာပတေးနေ့နဲ့ သောကြာနေ့တွေမှာကျင်းပတဲ့ဒီမိုကရေစီထိပ်သီးညီလာခံမှာ၊ နိုင်ငံပေါင်း ၁၁၀ က ခေါင်းဆောင်တွေ၊လူထုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ တသီးပုဂ္ဂလတွေတက် ရောက်ကြမှာဖြစ်ပြီး၊ ဒီမိုကရေစီစနစ်ကို ကြီးမားစွာခြိမ်းခြောက်ခံနေရတာတွေကို စုပေါင်း ဖြေရှင်းကြဖို့ဆွေးနွေးကြမှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ကုန်က သမတထရန့်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကြောင့်ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးကိုဝင်ရောက်စီးနင်းတာတွေဖြစ်ခဲ့ပြီးနောက်၊ ၂၀၂၁ ခုနှစ် မှာ ထုတ်ပြန်တဲ့ နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲဆိုင်ရာအဖွဲ့ကြီးဖြစ်တဲ့ IDEA ရဲ့ အစီရင် ခံစာမှာ အမေရိကန်ရဲ့ ဒီမိုကရေစီဟာ နောက်ပြန်လျောကျမှုတွေရှိတယ်လို့ ပထမ ဆုံးအကြိမ် ထောက်ပြဝေဘန်ထားပါတယ်။
ကျနော်တို့ရဲ့အမြင့်ဆုံးစိတ်ကူး စိတ်သန်းတွေကို အကောင်အတည်ဖေါ်နိုင်ဖို့၊ ကျနော်တို့ အကြားကွဲပြားနေတာတွေကို သက်သာပျောက်ကင်းသွားစေဖို့၊ ကနော်တို့ရဲ ရွေးကောက်ပွဲ ကြေငြာစာတမ်းပါ စိတ်ကူးစိတ်သန်းတွေကို တဖန်ပြန်လည်အာရုံစိတ်ဖေါ်ဆောင်နိုင်ဖို့အတွက်အမေရိကန်ဒီမိုကရေစီဟာဆက်လက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ သမတ Joe Biden ကပြောဆိုခဲ့ပါတယ်။
###
Unicode