သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားသမၼတနဲ႔ ဗုဒၶဟူးေန႔ ေတြ႔ဆံုဖို႔ သမၼတ Biden အဆင္သင္႔


အေမရိကန္သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတ Vladimir Putin

(Zawgyi/Unicode)

ကမာၻ႔အင္အားႀကီး အေမရိကန္နဲ႔ ႐ုရွားႏိုင္ငံတို႔ၾကား ဆက္ဆံေရး ယိုယြင္းလာေနခ်ိန္မွာပဲ အေမရိကန္သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတ Vladimir Putin တို႔ ပထမဆုံးအႀကိမ္အျဖစ္ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ဗုဒၶဟူးေန႔ ေတြ႕ဆုံမွာ ျဖစ္ပါတယ္။

အဂၤလန္ Cornwall ၿမိဳ႕မွာ ကမာၻ႔အင္အားႀကီး ၇ ႏိုင္ငံ (G-7) အဖဲြ႕ရဲ႕ ၄၇ ႀကိမ္ေျမာက္ ထိပ္သီးညီလာခံနဲ႔ ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕မွာ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႕ (NATO) နဲ႔ ဥေရာပသမဂၢ (EU) ေခါင္းေဆာင္ေတြကိုပါ ေတြ႕ဆုံခဲ့ၿပီးေနာက္ ဥေရာပခရီးစဥ္ အဆုံးမသတ္ခင္မွာ သမၼတ ဘိုင္ဒင္ ႐ုရွားသမၼတနဲ႔ ေတြ႕ဆုံမွာပါ။ ဂ်ီနီဗာၿမိဳ႕ကို အဂၤါေန႔က ေရာက္လာၿပီးေနာက္ သတင္းေထာက္ေတြ ေမးျမန္းရာမွာေတာ့ ႐ုရွားသမၼတနဲ႔ ေတြ႕ဖို႔ အစဥ္အၿမဲ အသင့္ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

႐ုရွားသမၼတကေတာ့ အေမရိကန္႐ုပ္သံ NBC News နဲ႔ မၾကာေသးခင္က ေမးျမန္းခန္းမွာ ၂ ႏိုင္ငံ ဆက္ဆံေရးဟာ မၾကာေသးခင္ႏွစ္ေတြအတြင္း အနိမ့္ဆုံးကို က်ဆင္းလာေၾကာင္း ေျပာဆိုခဲ့တာပါ။ သမၼတေဟာင္း Donald Trump လက္ထက္ ဖင္လန္ႏိုင္ငံ Helsinki ၿမိဳ႕မွာ ထိပ္သီးေတြ႕ဆုံရာမွာ ပူးတဲြသတင္းစာရွင္းလင္းပဲြ လုပ္ခဲ့ဖူးေပမဲ့ ဒီတႀကိမ္ ေတြ႕ဆုံမႈအၿပီးမွာေတာ့ အေမရိကန္သမၼတ ဘိုင္ဒင္က တကိုယ္ေတာ္ သတင္းစာရွင္းလင္းပဲြ က်င္းပမွာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က စေနေန႔မွာ ေျပာဆိုထားပါတယ္။

႐ုရွားသမၼတနဲ႔ ပူးတဲြသတင္းစာ ရွင္းလင္းပဲြ လုပ္ခဲ့တဲ့ သမၼတေဟာင္း Trump ကေတာ့ ၂၀၁၆ အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ ႐ုရွားက ၾကား၀င္စြက္ဖက္ခဲ့တာ မရွိေၾကာင္း သမၼတ Putin ရဲ႕ ေျပာၾကားခ်က္အေပၚ သံသယမရွိေၾကာင္း အေမရိကန္ ေထာက္လွမ္းေရး ဌာနေတြရဲ႕ သုံးသပ္ခ်က္နဲ႔ ဆန္႔က်င္ေျပာဆိုခဲ့တာပါ။

သမၼတဘိုင္ဒင္ အေနနဲ႔ ထိပ္သီးေတြ႕ဆုံရာမွာ ေဆြးေႏြးတဲ့ ကိစၥေတြကို လြတ္လပ္တဲ့ သတင္းမီဒီယာေတြကို ပြင့္ပြင့္လင္းလင္း ေျပာႏိုင္ဖို႔ တကိုယ္ေတာ္ သတင္းစာရွင္းလင္းပဲြ က်င္းပမွာ ျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရုရှားသမ္မတနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဖို့ သမ္မတ Biden အဆင်သင့်

(Unicode)

ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး ယိုယွင်းလာနေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂလန် Cornwall မြို့မှာ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ရဲ့ ၄၇ ကြိမ်မြောက် ထိပ်သီးညီလာခံနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) နဲ့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့ပြီးနောက် ဥရောပခရီးစဉ် အဆုံးမသတ်ခင်မှာ သမ္မတ ဘိုင်ဒင် ရုရှားသမ္မတနဲ့ တွေ့ဆုံမှာပါ။ ဂျီနီဗာမြို့ကို အင်္ဂါနေ့က ရောက်လာပြီးနောက် သတင်းထောက်တွေ မေးမြန်းရာမှာတော့ ရုရှားသမ္မတနဲ့ တွေ့ဖို့ အစဉ်အမြဲ အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ရုရှားသမ္မတကတော့ အမေရိကန်ရုပ်သံ NBC News နဲ့ မကြာသေးခင်က မေးမြန်းခန်းမှာ ၂ နိုင်ငံ ဆက်ဆံရေးဟာ မကြာသေးခင်နှစ်တွေအတွင်း အနိမ့်ဆုံးကို ကျဆင်းလာကြောင်း ပြောဆိုခဲ့တာပါ။ သမ္မတဟောင်း Donald Trump လက်ထက် ဖင်လန်နိုင်ငံ Helsinki မြို့မှာ ထိပ်သီးတွေ့ဆုံရာမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ဖူးပေမဲ့ ဒီတကြိမ် တွေ့ဆုံမှုအပြီးမှာတော့ အမေရိကန်သမ္မတ ဘိုင်ဒင်က တကိုယ်တော် သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ကြောင်း အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုထားပါတယ်။

ရုရှားသမ္မတနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ သမ္မတဟောင်း Trump ကတော့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်စွက်ဖက်ခဲ့တာ မရှိကြောင်း သမ္မတ Putin ရဲ့ ပြောကြားချက်အပေါ် သံသယမရှိကြောင်း အမေရိကန် ထောက်လှမ်းရေး ဌာနတွေရဲ့ သုံးသပ်ချက်နဲ့ ဆန့်ကျင်ပြောဆိုခဲ့တာပါ။

သမ္မတဘိုင်ဒင် အနေနဲ့ ထိပ်သီးတွေ့ဆုံရာမှာ ဆွေးနွေးတဲ့ ကိစ္စတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ တကိုယ်တော် သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG