သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီထိပ်သီးညီလာခံ ကန်သမ္မတဖွင့်လှစ်


Virtual Summit for Democracy

{{Zawgyi/Unicode}}

ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီထိပ်သီးညီလာခံဖွင့်ပွဲမှာ ကမ္ဘာကြီးဟာ “လွတ်လပ်ခြင်းဆီ ရေစီးသာနေပြီး ဒီမိုကရေစီစနစ်ဟာ အလုပ်ဖြစ်နေတယ်” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောလိုက်ပြီး ကမ္ဘာတဝန်း ဒီမိုကရေစီ အရေး ပံ့ပိုးကူညီမှုတွေလုပ်နိုင်ဖို့ ဒေါ်လာသန်း ၆၉၀ ရန်ပုံငွေကိုလည်း ကြေညာခဲ့ပါတယ်။

“အခုအချိန်ဟာ ကျနော်တို့ခေတ်ကြီးကို ဆုံးဖြတ်ပေးမယ့် စိန်ခေါ်မှုတခုလို့ ကျနော်တို့ယုံကြည်ပါတယ်။ လက်ရှိကမ္ဘာကြီးမှာ ဒီမိုကရေစီစနစ်တွေ ပိုအားကောင်းလာနေပါတယ်။ အားနည်းလာတာမဟုတ်ဘူး-လို့ ဂုဏ်ယူစွာနဲ့ ပြောနိုင်ပါတယ်။ ကမ္ဘာကြီးမှာ အာဏာရှင်စနစ်ကသာ ပိုပြီး အားနည်းလာနေတာပါ၊ သူတို့ အားမကောင်းတော့ပါဘူး။" လို့ သမ္မတဘိုင်ဒန်က သူ့မိန့်ခွန်းမှာ ပြောပါတယ်။

တရုတ်နဲ့ရုရှားအရေး အာရုံစိုက်နေချိန်ကျင်းပတဲ့ ဒီမိုကရေစီရေးရာထိပ်သီးဆွေးနွေးပွဲမှာ ဘိုင်ဒန်က တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းမှသာ ကမ္ဘာကြီးဟာ လမ်းမှားကို ဦးတည်တာတွေ အသစ်တဖန် မစတင်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီ ဆွေးနွေးပွဲကို နိုင်ငံတကာက ခေါင်းဆောင် ၁၂၁ ဦး တက်ရောက်ခဲ့ပြီး အများစုက အွန်လိုင်းက တက်ရောက်တာပါ။ ဒီနှစ်မှာ ၂၀၂၁ ခုနှစ် ပထမအကြိမ် ဒီမိုကရေစီထိပ်သီး အစည်းအဝေးပွဲထက် နိုင်ငံ ၈ နိုင်ငံ တိုးလာပါတယ်။

"ဒီ ညီလာခံမှာ ပါဝင်ကြတဲ့ ခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေနဲ့ ကမ္ဘာ့နေရာအသီးသီးမှာ လူတွေက ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာတွေကြောင့် ဒီရေစီကြောင်း အပြောင်းအလဲကို တကယ် မြင်တွေ့နေရပြီလို့” လည်း သမ္မတဘိုင်ဒန်က ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အန်ဂိုလာနိုင်ငံမှာ လွတ်လပ်တဲ့တရားစီရင်ရေးမဏ္ဍိုင် ထူထောင်နိုင်ခဲ့တာ၊ ဒိုမီနီကန်သမ္မတနိုင်ငံနဲ့ ခရိုအေးရှားမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအစီအစဉ်တွေ ချမှတ်နိုင်တာနဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ထောက်ခံသူတွေက ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံဘဲ ငြင်းပယ်နေတာအပေါ် အမေရိကန်မဲဆန္ဒရှင်တွေက ပယ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်တွေကို သမ္မတဘိုင်ဒန်က သူ့မိန့်ခွန်းမှာကိုးကားခဲ့ပါတယ်။

အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Freedom House ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာတော့ ၂၀၂၂ ခုနှစ် မှာ ကမ္ဘာတဝန်း ဒီမိုကရေစီရေးရာ အခြေအနေဆိုးရွားလာပေမယ့် ကောင်းမွန်တိုးတက်မှုတွေလည်း အများအပြား တိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီမိုကရေစီထိပ်သီးညီလာခံ ကန်သမ္မတဖွင့်လှစ်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

=============

{{Unicode}}

ဒီမိုကရစေီထိပျသီးညီလာခံ ကနျသမ်မတဖှင့ျလှဈ








XS
SM
MD
LG