သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ကာကွယ်ဖို့သမ္မတ Biden သတိပေး


အမေရိကန်သမ္မတ Biden

[[Zawgyi/Unicode]]

အမေရိကန်နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု ကိစ္စတွေအတွက် စိုးရိမ် ပူပန်စရာမရှိကြောင်း သီတင်းပတ် အတန်ကြာပြောဆိုပြီးတဲ့နောက် သမ္မတ Joe Biden ဟာ ကြားကာလ ရွေးကောက်ပွဲ ရက်နီးကပ်လာတဲ့အချိန်မှာ ဒီမိုကရေစီစနစ်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။

“အရင်သမ္မတဟောင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တယ်ဆိုတာကို လက်မခံလိုတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ တိုက်ခိုက်မှုခံနေရပါတယ်။ သမ္မတဟောင်းဟာ လူထုရဲ့သဘောဆန္ဒကိုလက်ခံဖို့ ငြင်းဆန်နေပါတယ်။ သူရှုံးခဲ့တယ်ဆိုတာကို လက်မခံနိုင်ဘူး ဖြစ်နေပါတယ်။ သူဟာ အာဏာကိုအလွဲသုံးစားလုပ်ခဲ့ပြီး တိုင်းပြည်အပေါ် သစ္စာရှိရမယ့်အစား သူ့အတွက်ပဲ သူလုပ်ခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေကျင်းပဖို့ ၆ ရက်ပဲလိုတော့တဲ့အချိန် မနေ့ နိုဝင်ဘာ ၂ ရက်နေ့က ဝါရှင်တန် ဒီစီမြို့မှာ ပြောတဲ့မိန့်ခွန်းထဲမှာ မကြာသေးခင်ရက်ပိုင်းအတွင်းက အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ခင်ပွန်း San Francisco နေအိမ်မှာ ရိုက်နှက်ခံခဲ့ရတဲ့ကိစ္စကို ဥပမာပေးပြီး သမ္မတဟောင်း Donald Trump ရဲ့ လိမ်လည် ပြောဆိုမှုတွေကြောင့် နိုင်ငံရေးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာရတယ်ဆိုတာကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ကြားကာလ ရွေးကောက်ပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ သမ္မတဟောင်း Trump ရဲ့ လိမ်လည် ပြောဆိုမှုတွေကို ယုံကြည်နေတဲ့ ကိုယ်စားလှယ်လောင်း ၃၀၀ လောက် နိုင်ငံတဝန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ရှိနေတာကြောင့် ဒီလူတွေသာ ရွေးကောက်တင်မြှောက်ခံရရင် တိုင်းပြည်အခက်တွေ့နိုင်တယ်လို့ မဲဆန္ဒရှင်တွေကို သမ္မတ Biden က သူ့မိန့်ခွန်းထဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။ အခုချိန်ထိ အမေရိကန်မဲဆန္ဒရှင် ၂၇ သန်းခန့်က ကြိုတင်မဲပေးထားကြပြီး ဖြစ်ပါတယ်။

ဒီမိုကရေစီ ကာကွယ်ဖို့သမ္မတ Biden သတိပေး.wav
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]

ဒီမိုကရစေီ ကာကှယျဖို့သမ်မတ Biden သတိပေး





XS
SM
MD
LG