သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ၉ ကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ် အင်္ဂါနေ့နှောင်းပိုင်းမှာ အဆုံးသတ်ခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး သဘောတူညီချက်ရရှိဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။

"ကျနော်တို့ သတင်းစကားကတော့ ရှင်းပါတယ်။ အရေးလည်းကြီးပါတယ်။ အပစ်ရပ်ရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက် နောက်ဆုံးပန်းတိုင်ရောက်ဖို့ လိုပါတယ်။အချိန်က အရေးကြီးပါတယ်။" လို့ ဝန်ကြီးဘလင်ကန် ကာတာနိုင်ငံ ဒိုဟာမြို့က မထွက်ခွာခင် ပြောဆိုခဲ့တာပါ။

အချိန်ကြာလာတာနဲ့အမျှ ဓားစာခံတွေ အသက်အန္တရာယ် စိုးရိမ်စရာကောင်းသလို၊ ဂါဇာဒေသက လူထုအတွက် အစားအစာ၊ ဆေးဝါးလိုအပ်ချက်တွေနဲ့ ဒုက္ခရောက်နေသူတွေအတွက် အချိန်ဟာ အရေးကြီးပါတယ်လို့လည်း ပြောပါတယ်။ အချိန်နဲ့အမျှ ဒေသတွင်းမှာ တင်းမာမှုတွေ ကြီးထွားလာမယ့် အန္တရာယ် ရှိတယ်လို့လည်း ပြောခဲ့တာပါ။ ဒီသီတင်းပတ် အစောပိုင်း ခရီးစဉ်အစ အစ္စရေးနိုင်ငံကို သွားရောက်ခဲ့တဲ့ ဝန်ကြီးဘလင်ကန်က အီဂျစ်၊ ကာတာနိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေနဲ့အတူ အမေရိကန်က ပေါင်းကူး ညှိနှိုင်းပေးထားတဲ့ အပစ်ရပ်ရေး သဘောတူညီချက်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လက်ခံထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း အမေရိကန်က ထောက်ခံမှုပေးထားတဲ့ အဆိုပြုချက်ကို ဟားမတ်စ်နဲ့ အစ္စရေးတို့က သိပ်မကြိုက်ကြတဲ့ သဘောထားတွေလည်း ရှိနေကြတာပါ။ နောက်ဆုံး အဆိုပြုချက်ဟာ အစောပိုင်း သဘောတူထားတဲ့ အချက်တွေကို အစ္စရေးအကြိုက်လိုက်လျောပြီး ပြင်ဆင်ထားတယ်လို့လည်း ဟားမတ်စ်အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂါဇာဒေသ အပစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG