သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ် အဆိုပြုချက် အစ္စရေးထောက်ခံ (ကန်နိုင်ငံခြားရေးဝန်ကြီး)


သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဩဂုတ် ၁၉၊ ၂၀၂၄)
သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဩဂုတ် ၁၉၊ ၂၀၂၄)

ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်က ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သဘောတူ လက်ခံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။ အဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့က လက်ခံဖို့ပဲ ကျန်တယ်လို့လည်း တနင်္လာနေ့နှောင်းပိုင်းက Tel Aviv မြို့မှာ ဝန်ကြီး Blinken ကပြောပါတယ်။

ပေါင်းကူးညှိနှိုင်းပေးထားတဲ့ အဆိုပြုချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာလုပ်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်ဘက်က တင်သွင်းခဲ့တာပါ။ အပစ်ရပ်ရေး ကူညီနေကြတဲ့ အီဂျစ်၊ ကာတာ၊ အမေရိကန်တို့နဲ့ လက်တွဲပြီး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ဟာမတ်စ်အဖွဲ့မှာ တာဝန်ရှိနေပြီလို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။ ဟာမတ်စ်တွေဘက်က သဘောတူ လက်ခံရင်တောင်မှ ခေါင်းဆောင်တွေကြားထဲမှာ ညှိနှိုင်းရမယ့် ရှုပ်ထွေးတဲ့ပြဿနာတွေ ရှိနေသေးတယ်လို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ အစ္စရေး-ဟာမတ်စ်စစ်ပွဲ စကတည်းက ၉ ကြိမ်မြောက်အဖြစ်သွားရောက်တဲ့ ဝန်ကြီး Blinken ရဲ့ ခရီးစဉ်ဟာ အီဂျစ်၊ ကာတာနိုင်ငံတွေနဲ့အတူ ဂါဇာမှာ အပစ်ရပ်စဲရေး အပြီးသတ် ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။ ဝန်ကြီး Blinken ဟာ အစ္စရေးနိုင်ငံကတဆင့် အီဂျစ်နဲ့ ကာတာနိုင်ငံတွေကိုသွားရောက်ပြီး ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။

ဂါဇာဒေသ အပစ်ရပ် အဆိုပြုချက် အစ္စရေးထောက်ခံ (ကန်နိုင်ငံခြားရေးဝန်ကြီး)
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG