သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဂါဇာအပစ်ရပ်ရေးဆွေးနွေးမှု အစ္စရေးအပြုသဘောဆောင်" ကန် နိုင်ငံခြားရေးဝန်ကြီး


ဂါဇာငြိမ်းချမ်းရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) က အစ္စရေးသမ္မတ Isaac Herzog ကို အစ္စရေးလ်နိုင်ငံ မြို့တော် Tel Aviv မှာတွေ့ဆုံစဥ်။ (သြဂုတ်n ၁၉၊ ၂၀၂၄)
ဂါဇာငြိမ်းချမ်းရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) က အစ္စရေးသမ္မတ Isaac Herzog ကို အစ္စရေးလ်နိုင်ငံ မြို့တော် Tel Aviv မှာတွေ့ဆုံစဥ်။ (သြဂုတ်n ၁၉၊ ၂၀၂၄)

ဒေသတွင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂါဇာအပစ်ရပ်ရေးတင်ပြချက်ကို အစ္စရေးလ်တို့ဘက်က လက်ခံတယ်လို့ ပြောပါတယ်။

“ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အလွန်အပြုသဘောဆောင်တဲ့ အစည်းအဝေးမှာ အပစ်ရပ်တင်ပြချက်ကို အစ္စရေးလ်ဘက်က လက်ခံပါတယ်လို့ ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်” ဆိုပြီး ဝန်ကြီးဘလင်ကန်က ဂျေရုဆလင်မ်မှာသတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောသွားပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေပြန်လွှတ်ပေးရေးဆိုတဲ့ အမေရိကန်က တင်ပြချက်ကို လက်ခံဖို့လည်း ဝန်ကြီး Antony Blinken က ဟာမတ်စ်တို့ကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာပဲ ဝန်ကြီး Blinken က ခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က ကာတာမှာကျင်းပတဲ့ အပစ်ရပ်ဆွေးနွေးမှုတွေဟာ ထင်ရှားတဲ့ သဘောတူညီမှုမရဘဲ ရပ်နားထားပါတယ်။ ဒါပေမယ့်လည်း အစ္စရေးလ်နဲ့ဟာမတ်စ်တို့ကြား ကွာဟချက်တွေကိုညှိနှိုင်းမယ့် အမေရိကန်ရဲ့တင်ပြချက်ကိုအခြေခံပြီး ဒီသီတင်းပတ်ထဲ ဆွေးနွေးပွဲပြန်စမယ် လို့ ခန့်မှန်းရပါတယ်။ ဟာမတ်စ်တို့ဘက်ကလည်း အလားတူလက်ခံလိုက်ပြီဆိုရင် ကြားဝင်စေ့စပ်ပေးနေကြတဲ့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ နိုင်ငံတို့ရဲ့ အကူအညီနဲ့ သဘောတူညီမှုကိုရှင်းလင်းစွာနားလည်သဘောပေါက်ပြီး ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ဆက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

အမေရိကန်နိုင်ငံက အကောင်းမြင်ပြောဆိုနေပြီး နေတန်ယာဟုရဲ့ ရုံးခန်းကလည်း အစည်းအဝေးကိုအပြုသဘောဆောင်တယ်လို့ ပြောဆိုနေပေမယ့် ဘယ်လိုသဘောတူညီမှုမျိုးမဆို ခက်ခဲလိမ့်မယ်ဆိုတဲ့ အရိပ်လက္ခဏာတွေကို အစ္စရေးလ်နဲ့ ဟာမတ်စ် နှစ်ဘက်စလုံးက ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG