သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ပါလက်စတိုင်း အကျဉ်းအသားလဲလှယ်


အစ္စရေးနဲ့ပါလက်စတိုင်း အကျဉ်းအသားလဲလှယ်
အစ္စရေးနဲ့ပါလက်စတိုင်း အကျဉ်းအသားလဲလှယ်

ဟားမားစ်အဖွဲ့နဲ့ သဘောတူညီချက်အရ ဒုတိယအဆင့်အနေနဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၀၀ ကို အစ္စရေးက လွှတ်ပေးလိုက်ပါတယ်။ အစ္စရေး စစ်သားတစ်ယောက်ကိုလည်း ဂါဇာ ကမ်းမြှောင်ဒေသမှာ ငါးနှစ် ဖမ်းဆီးထားရာကနေ ဟားမားစ်အဖွဲ့က လွှတ်ပေးလိုက်ပါတယ်။

လွှတ်လိုက်တဲ့ သူတွေထဲမှာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးသူငယ် ၅၅ ယောက် ပါဝင်ပါတယ်။

အောက်တိုဘာလတုန်းကလည်း အစ္စရေးစစ်တပ်က တပ်ကြပ်ကြီး ဂီးလက်ရှလစ် (Gilad Shalit) ကို လွှတ်ပေးဖို့အတွက် ပါလက်စတိုင်း ၄၇၇ ယောက်ကို အစ္စရေးက လွှတ်ပေးခဲ့ပါတယ်။ အဲဒီ တပ်ကြပ်ကြီးကို ၂၀၀၆ ခုနှစ် ဂါဇာ ကမ်းမြှောင်ဒေသကို ဝင်ရောက် စီးနင်းတဲ့အခါတုန်းက ဖမ်းဆီးခဲ့တာပါ။

အောက်တိုဘာလတုန်းက လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေနဲ့ မတူတာကတော့ အခု ဒုတိယ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ အစ္စရေးတစ်ယောက်ကို သတ်ဖြတ်လို့ အပြစ်ကျနေတဲ့သူ တစ်ယောက်မှ မပါတာပါပဲလို့ အစ္စရေး အကျဉ်းဌာနက ပြောပါတယ်။

ဒါပေမဲ့ အစ္စရေး အိမ်ယာဝန်ကြီးဌာနက သူ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ လူနေအိမ်ခြေ ၁,၀၀၀ ဆောက်မယ့် စီမံကိန်းအတွက် တနင်္ဂနွေနေ့က ကန်ထရိုက်တာတွေကို စတင်ရှာဖွေနေပါပြီ။

ဒီအိမ်တွေက ဒီနှစ် စောစောပိုင်းက ကြေညာခဲ့တဲ့ အခြေချနေထိုင်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့ UNESCO ဌာနက ပါလက်စတိုင်းနိုင်ငံကို အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံလိုက်ပြီးတဲ့နောက် အဲဒီ တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် ဆောက်လုပ်ကြဖို့ ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်မရှိဘဲ ကုလသမဂ္ဂထဲကို ပါလက်စတိုင်းက ပါဝင်လာတာကို အစ္စရေးက ဆန့်ကျင်ပါတယ်။

XS
SM
MD
LG