သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြိုင်ဘက် ပါလက်စတိုင်းနှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် ရရှိ


ပြိုင်ဘက် ပါလက်စတိုင်းနှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် ရရှိ
ပြိုင်ဘက် ပါလက်စတိုင်းနှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် ရရှိ

ကွဲနေတဲ့ ပါလက်စတိုင်း ၂ ဖွဲ့အကြား အမှောင်ဖုံးခဲ့တဲ့ ၄ နှစ်တာကာလ အဆုံးသတ်ခဲ့ပြီလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) က ပြောလိုက်ပါတယ်။ ဖာတာနဲ့ ဟားမားစ် ၂ ဖွဲ့အကြား ပြန်လည်သင့်မြတ်ကြဖို့ သဘောတူညီချက် ရခဲ့ပြီး အခုလို ပြောခဲ့တာပါ။

ဖာတာပါတီက ပါလက်စတိုင်း သမ္မတ အာဘတ်စ်နဲ့ ဟားမားစ်အဖွဲ့ ခေါင်းဆောင် ခါလိဒ် မီရှားလ် (Khaled Meshaal) တို့ အပါအဝင် နိုင်ငံခြား ထိပ်တန်းအရာရှိတွေ စုဝေးပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတခု မနေ့က ကျင်းပခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ဂါဇာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသ နှစ်ပိုင်းကွဲနေကြတဲ့ ပါလက်စတိုင်း အစိုးရ ၂ ဖွဲ့ ပြန်လည်ညီညွတ်ရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပပြီး ကြားဖြတ်အစိုးရ တရပ်ကို တနှစ်အတွင်းမှာ ဖွဲ့စည်းသွားဖို့လည်း စီစဉ်ခဲ့ကြပါတယ်။

ဖာတာနဲ့ ဟားမားစ် ၂ ဖွဲ့ဟာ ၂၀၀၇ ခုနှစ်က ကွဲခဲ့ကြတာပါ။ မာမွတ် အာဘတ်စ် ခေါင်းဆောင်တဲ့ ဖာတာအဖွဲ့က ဂါဇာကနေ နေရာရွှေ့ခဲ့ရပါတယ်။

အခုလို ပါလက်စတိုင်း ၂ ဖွဲ့ ပြန်ပေါင်းစည်းကြတာကို အစ္စရေးကတော့ သဘောမကျပါဘူး။ ဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေး ဖြစ်လာဖို့ အခြေအနေတွေ အထူးလျော့ကျသွားစေတဲ့ ကိစ္စပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က မနေ့က ပြောလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်း (David Cameron) နဲ့ နက်တန်ယာဟုတို့ မနေ့က လန်ဒန်မှာ တွေ့ဆုံခဲ့ကြပြီး ဖာတာ ဟားမားစ် အစိုးရ ၂ ဖွဲ့ပေါင်းကို အသိအမှတ် မပြုဖို့ ဗြိတိန်ဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ နက်တန်ယာဟုဟာ ပြင်သစ်သမ္မတ ဆာကိုဇီ (Nicolas Sarkozy) နဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG