သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ် ဒေသတွင်းကျယ်ပြန့်နိုင်တယ်လို့ အီဂျစ်သမ္မတ သတိပေး


အီဂျစ်သမ္မတ Abdel Fattah al-Sisi
အီဂျစ်သမ္မတ Abdel Fattah al-Sisi

ဂါဇာက အစ္စရေး-ဟာမတ်စ်စစ်ပွဲ အပစ်ရပ်ကြဖို့ အီဂျစ်က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပဋိပက္ခကို မရပ်နိုင်ဘူးဆိုရင် ပိုပြီး ကျယ်ပြန့်တဲ့ ဒေသစစ်ပွဲအဖြစ် ချဲ့သွားနိုင်တယ်လို့လည်း အီဂျစ်သမ္မတ Abdel Fattah al-Sisi က ပြောလိုက်ပါတယ်။

အီဂျစ်ကို အင်္ဂါနေ့က ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့တွေ့ဆုံပြီးနောက် ထုတ်ပြန်ချက်မှာ ခုလို ပြောလိုက်တာပါ။ ပိုမို ကျယ်ပြန့်လာမယ့် စစ်ပွဲအန္တရာယ်ကို စိတ်ကူးကြည့်ဖို့ကို ခက်ပါလိမ့်မယ်လို့လည်း အီဂျစ်သမ္မတက ကြေညာချက်မှာ ဆိုပါတယ်။ ဂါဇာအပစ်ရပ်ရေးဟာ ပါလက်စတိုင်းနိုင်ငံတော်ကို နိုင်ငံတကာ အသိအမှတ်ပြုရေးနဲ့ နိုင်ငံ ၂ နိုင်ငံ ဖြေရှင်းရေးရဲ့အစ ဖြစ်ရပါမယ်လို့လည်း အီဂျစ် သမ္မတ al-Sisi က ပြောပါတယ်။ ဒါဟာ ဒေသတွင်း တည်ငြိမ်ရေးရဲ့ အခြေခံ အာမခံချက် ဖြစ်တယ်လို့လည်း al-Sisi က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့လည်း အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ အစ္စရေးနိုင်ငံနဲ့အတူ လွတ်လပ်တဲ့ပါလက်စတိုင်း နိုင်ငံထူထောင်ရေးကိုထောက်ခံကြောင်း အမေရိကန်က ရပ်တည် ပြောဆိုထား ပါတယ်။ ဒါပေမဲ့ ဒီလို ပါလက်စတိုင်းနိုင်ငံထူထောင်တာဟာ အစ္စရေးရဲ့လုံခြုံရေးအတွက် လက်မခံနိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ငြင်းဆိုထားပါတယ်။

ဂါဇာစစ် ဒေသတွင်းကျယ်ပြန့်နိုင်တယ်လို့ အီဂျစ်သမ္မတ သတိပေး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG