သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကန်အထောက်အကူဆိုင်းငံ့


အီဂျစ် သမ္မတ Abdel-Fattah el-Sissi နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် အကြီးတန်း အကြံပေး Jared Kushner တို့ရဲ့ ကိုင်ရိုမှာ တွေ့ဆုံ။
အီဂျစ် သမ္မတ Abdel-Fattah el-Sissi နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် အကြီးတန်း အကြံပေး Jared Kushner တို့ရဲ့ ကိုင်ရိုမှာ တွေ့ဆုံ။

အီဂျစ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အပေါ် စိုးရိမ်ချက်ကြောင့် အီဂျစ်နိုင်ငံကို ပေးမယ့် အကူအညီ တချို့ကို အမေရိကန်က ဆိုင်းထားလိုက်တဲ့ အတွက် နှစ်နိုင်ငံကြား ဆက်ဆံရေး အဖုအထစ် ဖြစ်နေတဲ့ပုံ ရှိပါတယ်။

ဒီနှစ်နိုင်ငံကြား ဆက်ဆံရေးဟာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်ထက်မှာ တိုးတက်မှု ရှိထားတာပါ။

အီဂျစ်အတွက် အမေရိကန်ရဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ အကူအညီထဲက ဒေါ်လာ သန်း ၁၀၀ နီးပါးကို လျှော့ချလိုက်ပြီး စစ်ဘက် အကူအညီ ဒေါ်လာ သန်း ၂၀၀ နီးပါးကိုတော့ ဆိုင်းထားလိုက်တာပါ။ အီဂျစ်ဟာ အမေရိကန်က ပေးနေတဲ့ ပြည်ပ အကူအညီတွေကို အများဆုံး ရနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် မလုပ်တာ ဒါမှမဟုတ် အရပ်ဘက်နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကို လျှော့ပေါ့မပေးတာ တွေကို အဓိက အခြေအနေတွေ အဖြစ် နောက်ခံ အကြောင်းရင်း ရှင်းလင်း ပြောပြတဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ နှစ်နို်င်ငံကြား ဆယ်စုနှစ်ပေါင်း များစွာ ရှိလာခဲ့တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရဲ့သဘောသဘာ၀ အပေါ် လွဲချော်တဲ့ အကဲဖြတ်ချက် ဖြစ်တယ်လို့ ဆိုပြီး အီဂျစ် နိုင်ငံခြားရေးဌာနက ပြစ်တင်ဝေဖန်ပါတယ်။

အီဂျစ်မှာ ရောက်နေတဲ့ သမ္မတ အိြမ်ဖူတော် အကြံပေးပုဂ္ဂိုလ် Jared Kushner နဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ရဲ့ တွေ့ဆုံပွဲကို ဖျက်လိုက်တယ် ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ ဒါပေမဲ့လည်းKushner ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မစ္စတာ Shoukry တို့ပြုံးရွှင်ရယ်မော ပြီး အရိုက်ခံထားတဲ့ ဗွီဒီယိုကို အီဂျစ်နိုင်ငံခြားရေး ဌာနက နောက်ပိုင်း တွစ်တာမှာ တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG