သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲ အတိုက်ခိုက်ခံရ


အီဂျစ် ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲ အတိုက်ခိုက်ခံရ
အီဂျစ် ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲ အတိုက်ခိုက်ခံရ

အီဂျစ်နိုင်ငံ Cairo မြို့တော်က အထင်ကရဖြစ်တဲ့ Coptic ခရစ်ယာန်ဘုရားကျောင်းတခုမှာ တနင်္ဂနွေနေ့က ပေါက်ကွဲမှုဖြစ်တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ကိုင်ရိုမြို့လယ်မှာရှိတဲ့ အဲဒီ St. Mark ခရစ်ယာန်ဘုရားကျောင်းကို ဘယ်သူက ဖေါက်ခွဲတိုက်ခိုက်တယ်ဆိုတာ ခုထိ မသိရသေးပါဘူး။ ရှေးရိုးစွဲ ဒီ ခရစ်ယာန်ဘုရားကျောင်းမှာ ပုဒ်ရဟန်းမင်း Tawadros II က ရုံးစိုက်ပြီး၊ နေထိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်တဲ့ အနေအထားဟာ အီဂျစ်သမ္မတ Abdel-Fattah el-Sissi ရဲ့အစိုးရကို တိုက်နေတဲ့ အစ္စလမ်စစ်သွေးကြွတွေရဲ့ လက်ရာ ဖြစ်ပုံရကြောင်း၊ မနက် ၁၀ နာရီလောက်က ပေါက်ကွဲမှုကြောင့် ဘုရားကျောင်း ပျက်စီးသွားတယ်လို့ အီဂျစ်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

St. Mark ဘုရားကျောင်းရဲ့အပြင်နံရံ နဲ့ကပ်လျှက် ဝတ်ပြုဆုတောင်းတဲ့ နေရာထဲကို ဗုံးအငယ်စားတလုံး ပစ်သွင်းဖေါက်ခွဲခဲ့တာဖြစ်တယ်လို့ အီဂျစ်အစိုးရသတင်းဌာနတခုဖြစ်တဲ့ MENA ကပြောပါတယ်။ Copts လို့ခေါ်တဲ့ ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်တွေဟာ အီဂျစ်နိုင်ငံ လူဦးရေရဲ့ ၁၀% လောက်ရှိပါတယ်။

ကိုင်ရိုမြို့တော်မှာ အခုဖြစ်ပွားတဲ့ လူအသေအပျောက်ရှိတဲ့ ဒီတနင်္ဂနွေ ပေါက်ကွဲမှုဟာ နှစ်ရက်အတွင်း ဒုတိယမြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေတုန်း ကလည်း ရဲ ၆ဦးသေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတခုဖြစ်ပွားခဲ့ပြီး မတရားအသင်းကြေညာခံထားရတဲ့ မူဆလင်ညီအကို တော်များအဖွဲ့နဲ့ ဆက်စပ်မယ်လို့ ယူဆရတဲ့အဖွဲ့တဖွဲ့က သူတို့တိုက်ခိုက်တာပါလို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG