သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ခရစ်ယာန်ဘုရားကျောင်းဗုံးကွဲမှု လူ ၄၀ နီးပါးသေဆုံး


အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘုရားကျောင်း ၂ ခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်တာကြောင့် လူ ၄၀ နီးပါး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရပါတယ်။

အီဂျစ် ကော့ပတစ် ခရစ်ယာန်တို့ ဒီကနေ့ ကျရောက်တဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ တခုဖြစ်တဲ့ Palm Sunday ကျင်းပနေချိန်မှာ အခုလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြောဆိုပါတယ်။ ပထမ ပေါက်ကွဲမှုကတော့ မြို့တော် ကိုင်ရိုရဲ့ မြောက်ဘက် Tanta မြို့မှာ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ရပါတယ်။

နာရီပိုင်း အကြာမှာတော့ အလက်ဇန္ဒယီးယားမြို့က ခရစ်ယာန် ဘုရားကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ အီဂျစ် ခရစ်ယာန်တွေနဲ့ စည်းလုံးညီညွတ်မှု ရှိတာကို ပြသဖို့ အတွက် ရိုမန်ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်လည်း ဒီလအတွင်းမှာဘဲ ကိုင်ရိုမြို့တော်ကို ကြွချီဖု့ိ စီစဉ်ထားတာပါ။ အီဂျစ်လူဦရေရဲ့ ၁၀ ရာခိုင်နှုန်းက ခရစ်ယာန်တွေ ဖြစ်ပြီး အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ ထိပါး တိုက်ခိုက်မှုတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

အီဂျစ် ခရစ်ယာန်ဘုရားကျောင်းဗုံးကွဲမှု လူ ၄၀ နီးပါးသေဆုံး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG