သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်နိုင်ငံရောက်ရှိ


အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲ​ ဒေသတွင်းက တခြားနိုင်ငံတွေကို မပြန့်ပွားရေး၊ ကျန်နေသေးတဲ့ ဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွတ်ရေး စတဲ့ ကိစ္စရပ်တွေကို အီဂျစ်သမ္မတ Abdel Fattah al-Sisi နဲ့ ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ဒီကနေ့ ရောက်ရှိသွားပါပြီ။

အစ္စရေးနဲ့ ဟာမတ်စ်အကြား အစောပိုင်းက ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အီဂျစ်က အဓိက ကြားဝင် ဆောင်ရွက်ပေးခဲ့တာပါ။ အဲဒီ ယာယီအပစ်ရပ်ထားတဲ့ ကာလအတွင်း ဟာမတ်စ်က သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ ကျော်ကို ပြန်လွတ်ပေးခဲ့သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကို လွတ်ပေးခဲ့ပါတယ်။​

ဝန်ကြီး Blinken ဟာ အစ္စရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး သူ့ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် နောက်ဆုံး ခရီးတထောက်အဖြစ်နဲ့ အီဂျစ်နိုင်ငံကို ရောက်လာတာပါ။

ဝန်ကြီး Blinken ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ပါလက်စတိုင်း အနောက်ဘက် ကမ်းခြေမှာ တွေ့ဆုံခဲ့ပြီး နောက်တနေ့ ဒီကနေ့မှာ အီဂျစ်နိုင်ငံကို ရောက်လာတာပါ။​ ပါလက်စတိုင်းသမ္မတ Mahmoud Abbas ဟာ ဝန်ကြီး Blinken နဲ့ တွေ့ဆုံအပြီး ဂျော်ဒန်ဘုရင် Abdullah ၊​ အီဂျစ်သမ္မတ Sissi တို့နဲ့ ၃ ပွင့်ဆိုင် သီးခြား ဆွေးနွေးခဲ့ပါတယ်။

ပါလက်စတိုင်း၊​ ဂျော်ဒန်နဲ့ အီဂျစ်ခေါင်းဆောင်တွေရဲ့ အဲဒီ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲအပြီး ပူးတွဲ​ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဂါဇာမှာ ချက်ခြင်း အပစ်အခတ် ရပ်စဲအောင် ဆက်လက် ဝိုင်းဝန်း ဖိအားပေးကြဖို့၊ ပါလက်စတိုင်း အရပ်သားပြည်သူတွေကို အကာကွယ်ပေးဖို့ တို့ကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရတဲ့ ပါလက်စတိုင်းတွေ ဂါဇာက သူတို့နေအိမ်တွေ ပြန်လာခွင့်ပြုဖို့နဲ့ စစ်ပွဲအပြီး အစ္စရေးက ဂါဇာကို ထိန်းချုပ်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်းလည်း ပူးတွဲ​ ကြေညာချက်မှာ ဖော်ပြထားပါတယ်။​

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG